Wednesday, March 29, 2017

M22 အမျိုးအစား ၄ဝ မမ လောင်ချာ တွဲလျက် တစ်လက်၊ ကျည် အတောင့် ၃ဝ ဆံ့ကျည်ကတ်အခွံ သိမ်းဆည်းရမိ


No automatic alt text available.
ရန်ကုန် မတ် ၂၈
တရားမဝင် ကုန်စည်များ ကူးသန်းရောင်းဝယ်နေမှုများကို အဓိကကုန်စည်သယ်ပို့ရေးလမ်းကြောင်း နှစ်ခုဖြစ်သည့် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး-မူဆယ်လမ်းပေါ်ရှိ ရေပူစစ်ဆေးရေး ဂိတ်စခန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ရန်ကုန်- မြဝတီလမ်းကြောင်းပေါ်ရှိ မရမ်းချောင် စစ်ဆေးရေးစခန်းတို့တွင် တားဆီးစစ်ဆေးအရေးယူလျက်ရှိရာ မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် Mark II အမျိုးအစား လိုင်စင်မဲ့ ယာဉ်တွင် M22 အမျိုးအစား ၄ဝ မမ လောင်ချာ တွဲလျက် တစ်လက်၊ ကျည် အတောင့် ၃ဝ ဆံ့ ကျည်ကတ်အခွံ တစ်ခုနှင့်အတူ လက်ကိုင်ဖုန်း ခြောက်လုံးကို ၁၆ မိုင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မတ် ၂၆ ရက် က သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်စခန်းမှ Mark II အမျိုးအစား လိုင်စင်မဲ့ယာဉ်ကို သတင်းအရ စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအတွင်း ပီနံအိတ်ခွံဖြင့် ထုပ်ထားသည့် M22 အမျိုးအစား ၄ဝ မမ လောင်ချာ တွဲလျက် တစ်လက်၊ ကျည် အတောင့် ၃ဝ ဆံ့ကျည်ကတ်အခွံ တစ်ခုနှင့်အတူ လက်ကိုင်ဖုန်း ခြောက်လုံးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် တင်သွင်း/ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးလျက်ရှိရာ မတ် ၂၆ ရက်က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တရားမဝင် ကုန်သွယ်နေမှုကို တားဆီးမှုခြောက်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၅၁ သန်းခန့်)နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးကျပ် ၁ဝ၅ ဒသမ ၉၅၅ သန်းခန့်) ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁ ရက်မှ စတင်ကာ ရေပူစစ်ဆေးရေး ဂိတ်စခန်းနှင့် မရမ်းချောင် စစ်ဆေးရေးစခန်းတို့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ ပါဝင်သည့် အဖွဲ့များက တရားမဝင် ကုန်သွယ်မှုများကို တားဆီးစစ်ဆေး အရေးယူလျက်ရှိရာ မတ် ၂၇ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်အစီး ၆၅ဝ၊ သွင်းကုန် ၇၇၃ စီး၊ ရန်ကုန်- မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် အစီး ၁၉ဝ စီးဖြင့် ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment