တာချီလိတ် မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်
မြတ်လေးလမ်းဘေးရှိ သဲပုံအတွင်းမှ ( စနက်တံပါ) ပင်မဖြုတ်ရသေးသော
လက်ပစ်ဗုံးတစ်လုံးကို မတ် ၂၈ ရက် နံနက် ၁ဝ နာရီ ခွဲခန့်က တွေ့ရှိခဲ့သည်။
အဆိုပါ လက်ပစ်ဗုံးကို ရွှေနဂါး(၈၈)အိမ်ဆောက်ပစ္စည်းဆိုင် အရောင်းစာရေး ဦးညီညီသည် ဆိုင်နောက်ဘက်ရှိ သဲပုံအတွင်းမှ GRENADE HANT FRAG M.26 A2 RDX /TNTLOT.4-83 တံဆိပ်ပါ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး(စနက်တံပါ) ပင်မဖြုတ်ရသေးသော အစိမ်းရောင်တစ်လုံးကို တွေ့ရှိရ၍ တာဝန်ရှိသူများထံ သတင်းပို့ခဲ့သည်။ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုနှင့် ပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ အမှတ် (၉၁၃)စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း တပ်ခွဲ(၃)မှ အမှတ်(၁)ချစ်ကြည်ရေးတံတား တာဝန်ကျ တပ်သား ဖိုးဇော်က စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်သို့ အပ်နှံခဲ့ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
(၁၁၁)

No comments:
Post a Comment