Wednesday, March 29, 2017

ဂျပန်ဖလားကရာတေးဒိုပြိုင်ပွဲ ဆုပေးပွဲကျင်းပ


Image may contain: 8 people, people standing and indoor
ရန်ကုန် မတ် ၂၈
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၂၄ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ အမှုဆောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်၍ လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E.Mr. Tateshi Higuchi နှင့် မြန်မာနိုင်ငံကရာတေး ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်တို့က (Senior) တန်း အမျိုးသားတစ်ဦးချင်း ''ခတ''ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မင်းဟိန်းခန့်၊ အမျိုးသား ၆၇ ကီလိုနှင့်အောက် ''ကုမိတဲ့'' ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောင်ကျော်စိုး၊ အမျိုးသမီးတစ်ဦးချင်း''ခတ'' ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရ ရှမ်းပြည်နယ်မှ ရီနွယ်ထွန်း၊ အမျိုးသမီး ၅၅ ကီလို နှင့်အောက် ''ကုမိတဲ့'' ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဧပရယ်ဖောနှင့် (Junior) တန်း အမျိုးသမီး ၅၃ကီလိုအထက် ''ကုမိတဲ့'' ပြိုင်ပွဲတွင် အကောင်းဆုံးဆုရ မန္တလေး(သိပ္ပံ)မှ သက်ဖူးဝေ၊ အမျိုးသမီး ၆၁ ကီလို အထက် ''ကုမိတဲ့'' ပြိုင်ပွဲတွင် အကောင်းဆုံးဆုရ မန္တလေး(သိပ္ပံ)မှ ဝေမင်းထွန်း၊ (cadet) တန်း အမျိုး သမီး ၄၇ ကီလိုအထက် ''ကုမိတဲ့'' ပြိုင်ပွဲတွင် အကောင်းဆုံးဆုရ ကယားပြည်နယ်မှ နေခြည်ထွန်း၊ အမျိုးသား ၅၇ ကီလိုအထက် ''ကုမိတဲ့'' ပြိုင်ပွဲ တွင် အကောင်းဆုံးဆုရ ရန်ကုန်(သိပ္ပံ)မှ ဘုန်းမြတ်စံတို့နှင့် (၇) ကြိမ်မြောက် ဂျပန်ဖလားကရာတေးဒို ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုဖလားကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့ကရရှိခဲ့ရာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment