နေပြည်တော် မတ် ၂၅
ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ
ညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ဟွေအင်းမြို့၌ မတ် ၂ဝရက် နှင့် ၂၁
ရက်တို့က ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးမျိုးအောင် ဦးဆောင်သည့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အမျိုးသား မှတ်ပုံတင် နှင့်
နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး
ရဲတပ်ဖွဲ့ ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တို့မှ ကိုယ်စားလှယ် ၁၈
ဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အလုပ်သမားဝန်ကြီးဌာန၊
အလုပ်အကိုင်ဌာနမှ ညွှန်ကြား ရေးမှူးချုပ် Mr. Varonon Peetiwan
ဦးဆောင်သည့် အဖွဲ့ဝင် ၂၂ ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ခဲ့ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၈ ရက်တွင်
ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး ယာယီနေထိုင်
အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (TR-38) ကိုင်ဆောင်ထား သော
မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)
ထုတ်ပေးရေးစခန်းများဖြစ် သည့် စမုပရာကန်၊ မဟာချိုင် (၁) နှင့် (၂)
တို့သို့ သွားရောက် ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုကာ
အလုပ်သမားများနှင့် တွေ့ဆုံ၍ လာရောက်ဆောင်ရွက်ရ သည့်အခက်အခဲများ၊
ပွဲစားများနှင့် အလုပ်ရှင်များ၏ ငွေကြေး ပိုမိုကောက်ခံမှု ရှိ/မရှိ
အခြေအနေများ၊ နယ်ကျော်လာရောက် ရသဖြင့် ကြုံတွေ့ရသည့် အခက်အခဲများ၊
စခန်းများ၌ စောင့်ဆိုင်း နေရမှုများကို မေးမြန်းခဲ့ပြီး အလုပ်သမားများအား
အားပေး စကားပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၉ ရက်တွင်
ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ မြန်မာလူမှုအဖွဲ့အစည်းများနှင့်
တွေ့ဆုံ၍ CI ထုတ်လုပ်ပေးမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလုပ်သမားများ
တွေ့ကြုံရသည့် အခက်အခဲများ၊ ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမားရေးရာ
ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာအစည်းအဝေးတွင်
ထည့်သွင်း ဆွေးနွေးစေလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြ သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင် သူများ
ညှိနှိုင်းအစည်းဝေးကို မတ် ၂ဝ ရက်နှင့် ၂၁ ရက် တို့က
ထိုင်းနိုင်ငံ ဟွေအင်းမြို့၌ ကျင်းပခဲ့ရာ အဆိုပါအစည်း အဝေး၌B.E .2559
(2016) ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများ
အလုပ်လုပ်ကိုင်ခြင်းအတွက် ခေါ်ယူခြင်း နှင့်စပ်လျဉ်းသည့်
နည်းဥပဒေနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံသို့
အလုပ်သမားခေါ်ယူခွင့်ရ လိုင်စင်ရကုမ္ပဏီ များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊
ထိုင်းနိုင်ငံမှ ဖွင့်လှစ်ထား သည့် ရွှေ့ပြောင်းအလုပ်သမားများ
ကြိုဆိုလက်ခံရေးနှင့် မိသားစုပြန်လည်ပေါင်းစည်းရေးဗဟိုဌာန၏
လုပ်ငန်း ဆောင်ရွက်ချက်များ၊ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်နှင့်
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလတ်မှတ် (Certifi- cate of Identity - CI)
ထုတ်ပေးသည့် လုပ်ငန်းစဉ်များ၏ အားနည်းချက်များ၊ ပွဲစားများ
ပါဝင်ပတ်သက်သည့် အခြေ အနေနှင့် လိုအပ်ချက်များ ၊ ထိုင်းနိုင်ငံသို့
မြန်မာအလုပ်သမား များ တရားဝင်စေလွှတ်သည့်MoUလုပ်ငန်းစဉ်တွင် တွေ့ကြုံ ရသည့်
အခက်အခဲများ ထိုင်းနိုင်ငံ၊ ရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသော
မြန်မာအလုပ်သမားများကိစ္စ၊ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးတော့မည့်
အလုပ် သမားများအတွက် အထောက်အထားများထုတ်ပေးနိုင်ရေး ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ကြ သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၂၂ ရက်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်းနှင့်အတူ ဗန်ကောက် မြို့ရှိ ဗဟိုအကျဉ်းထောင်သို့ သွားရောက်၍
လိပ်ကျွန်း လူသတ်မှုအတွက် သေဒဏ်ချမှတ်ခံနေရသော မောင်ဇော်လင်း နှင့်
မောင်ဝင်းဇော်ထွန်းတို့အား သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားခဲ့ပြီး
လိုအပ်သည့်အစားအသောက်နှင့် အသုံး အဆောင်ပစ္စည်းများထောက်ပံ့ခဲ့ကြောင်း
သိရသည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းရှေ့နေများ
ကောင်စီသို့ သွားရောက်၍ သေဒဏ်ကျခံနေရသော မောင်ဇော် လင်းနှင့်
မောင်ဝင်းဇော်ထွန်းတို့၏ အမှုအခြေအနေနှင့် အထူးအယူခံနှင့် ပတ်သက်၍
ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ရာ အယူခံအတွက် တင်သွင်း
ရမည့် အချက်အလက်အထောက်အထားများကို မတ် ၂၃ ရက်တွင်
အပြီးတင်သွင်းရမည်ဆိုသော်လည်း လိုအပ်သည့် အထောက်အထားများ
ထပ်မံရှာဖွေတင်ပြနိုင်ရေးအတွက် အမှုအား လိုက်ပါဆောင်ရွက်လျက်ရှိသော
ထိုင်းရှေ့နေများ ကောင်စီ၏ လုပ်ငန်းအဖွဲ့မှတောင်းဆိုမှုအရ ဧပြီ ၂၃ ရက်သို့
ရွှေ့ဆိုင်းပေးခဲ့သဖြင့် အထောက်အထားစုဆောင်းရန် တစ်လခန့်
အချိန်ရရှိခဲ့ကြောင်း၊ ယင်းအမှု၏ နောက်ဆုံးအယူခံကိစ္စ အတွက်
မြန်မာနိုင်ငံမှ ဥပဒေရေးရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့
မကြာမီထိုင်းနိုင်ငံသို့လာရောက်၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း
သိရသည်။ (သတင်းစဉ်)
No comments:
Post a Comment