Saturday, March 25, 2017

ကလေးငယ်များ လွတ်လပ်ပျော်ရွှင်စွာဖြင့် နှစ်သက်ရာဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထား



Image may contain: 10 people, people standing
ဘားအံ မတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ စာကြည့်တိုက်၊ Community Center ဖော်ဆောင်နေမှုနှင့် ရုံးလုပ်ငန်းဆောင် ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးက ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ လွတ်လပ်ပျော်ရွှင်စွာဖြင့် မိမိနှစ်သက်ရာ ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားပေးရန်၊ ပြတိုက်ငယ်အတွင်း ရှေးဟောင်းရိုးရာပစ္စည်းများ စုံလင်စွာပြသနိုင်ရေး စည်းရုံးဆောင်ရွက်ရန်နှင့် တိုင်းရင်းသား စာပေပွဲတော်ကျင်းပသည့်အခါ ပါဝင်နိုင်ရန်အတွက် ကရင်ဘာသာစာပေများ၊ ရိုးရာဓလေ့အဆိုအမိန့် ဆိုရိုးစကား၊ စကားပုံများ၊ ပုံပြင်များ စုစည်းပြီးထားရှိရန်၊ Community Center ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားအသင်းအဖွဲ့အစည်းများအား ဖိတ်ကြား၍ ဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်ထောင်စုရိပ်သာ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ဘားအံမြို့တွင် ပြည်နယ်အစိုးရဦးဆောင်ပြီး ကလေး စာပေပွဲတော်ကျင်းပပြီးစီးခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပြန်ကြားရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပမည့် ကလေးစာပေ ပွဲတော်ကျင်းပရန် ပြင်ဆင်ထားမှုကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
(ပြည်နယ်ပြန်/ဆက်)

No comments:

Post a Comment