Sunday, March 26, 2017

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

No automatic alt text available.
ရန်ကုန် မတ် ၂၅
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မတ် ၂၄ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ်ပို့ကုန် ၆၈၉ စီး၊ သွင်းကုန် ၈ဝ၄ စီး ၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၅၂ စီး၊ သွင်းကုန် ၁၆၃ စီးဖြင့် ကုန်စည်များသယ်ယူ ပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုတစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၁၂ သန်းခန့်)နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၁၅ ဒသမ ၂၃၇ သန်းခန့်) စုစုပေါင်း ငါးမှု (ခန့်မှန်း တန်ဖိုးကျပ် ၂၇ ဒသမ ၂၃၇ သန်းခန့်)ဖမ်းဆီးရမိကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂၃ ရက်တွင် မူဆယ်မှ မန္တလေးသို့ သွားရောက်မည့် Winner Express ခရီးသည်တင်ယာဉ်အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသော စပီကာ(အသေး)များ၊ Welding Machine၊ နာရီများ၊ Handphone များနှင့် အဝတ်အထည်များ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၁၂ သန်းခန့်ကို တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment