ဖွံ့ ဖြိုးမှုဘူမိနက်သန် ကျေးလက်မှာအခြေခံ
============================
============================
ကိုရင်သြ
ကျွန်ုပ်တို့၏ အာရှဒေသ၌ စီးပွားရေးအရ လျင်မြန်စွာ တိုးတက်လာသည့် ထွန်းသစ်စ မြို့ကြီးများကို အားပါးတရ တွေ့မြင်လာ ကြရသည့် အခါ ''ကမ္ဘာမှာ အာရှဟေ့'' ဟူ၍ အလွန် ဝမ်းမြောက်ကြည်နူးခြင်းနှင့်အတူ ဥဒါန်းကျူးကြရဖွယ်ရှိလင့်ကစား အမြင်မတော် ဆင်တော်နှင့် ခလောက်ဟူဘိသို့ပင် ခေတ်မီမိုးမျှော်တိုက်တာ အဆောက်အအုံကြီးများ တည်ရာအရပ်၏ အနီးအပါးဝန်းကျင်တွင် သိုးကာသီကာ တွေ့မြင်ကြရသည်ကား ဆင်းရဲသား ရပ်ကွက်များဖြစ်ကြ
၏။ ထွန်းသစ်စ မြို့ကြီးများ၏အနီး ဆင်ခြေဖုံးအရပ်များ၌ ထွန်းသစ်စ ဆင်းရဲသားရပ်ကွက် များပေါ်ထွန်းလာနေမှုက အာရှဒေသရှိ အစိုးရအဖွဲ့များအနေဖြင့် ပြည်သူတို့အတွက် နေစရာနေအိမ်များ အလုံအလောက် ထောက်ပံ့ပေးနိုင်ခြင်းမရှိပုံကို ဖော်ကျူးနေသည်ဟု ကမ္ဘာ့ဘဏ်၏ မြို့ပြ ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တစ်ဦးက ထောက်ပြလိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရလေသောအခါ မြို့ပြများရှိ မွန်းကျပ်နေသော ပြည်သူတို့၏ဘဝကို ကိုယ်ချင်းစာနာစိတ်ဖြစ်မိလေ၏။

ဆင်းရဲသားရပ်ကွက်များ
မြို့ကြီးများ၏ ဆင်းရဲသားရပ်ကွက်များ၌ နေထိုင်ကြရသူဦးရေမှာ ကမ္ဘောဒီးယား နိုင်ငံ၌ မြို့နေလူဦးရေ၏ ၅၅ ရာခိုင်နှုန်း၊မြန်မာနိုင်ငံ၌ ၄၁ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်၌ ၃၈ ရာခိုင်နှုန်း အသီးသီးရှိပြီး ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှုန်းဖြင့် စီးပွားရေး တိုးတက်နေသော နိုင်ငံများတွင် ပါဝင်သည့် ဗီယက်နမ်၊ တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့၌ မြို့ပြဆင်းရဲသားဦးရေ အချိုး အဆမှာ ၂ဝ ရာခိုင်နှုန်းထက် ကျော်လွန် နေသည်ဟု ကမ္ဘာ့ဘဏ်၏ စီးပွားရေး သုခမိန်တို့က ညွှန်းဆိုကြလေသည်။
ယနေ့ကာလတွင် စီးပွားရေးတိုးတက်မှု နှင့်အတူ မြို့ကြီးများက အပြိုင်းအရိုင်း ပေါ်ထွန်းလာနေသည်။ စီးပွားရေးကို ချဲ့ ထွင်နေသော မြို့ကြီးပြကြီးများသို့ ကျေး လက်တောရွာများမှ လာရောက်ကာ အလုပ်လုပ်ကိုင်သူ တရိပ်ရိပ်တိုးလာသည်။ တောသားများ မြို့တက်ကြသည်။

လျင်မြန်သော အရှိန်အဟုန်ဖြင့် မြို့ကြီး များ ပြန့်ကားကျယ်ပြန့်လာသောအခါ ပြည်သူများအတွက် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖြည့် ဆည်းပေးရန်ဟူသော ဝန်ထုပ်ဝန်ပိုးကြီး မှာ အစိုးရအဖွဲ့များအပေါ် ကျရောက်လာ ပေတော့သည်။
ဧကန်အားဖြင့်မူကား ဆင်းရဲသားရပ်ကွက်များ၌ နေထိုင်ကြရသော လူသန်း
ပေါင်းများစွာတို့မှာ ၄င်းတို့နေထိုင်ရာ မြို့ပြဒေသအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားအတွက် အထောက်အကူ ပေးနေသူများဖြစ်ကြသည်။ မြို့တက်လာသူရွှေ့ပြောင်းလုပ်သားများ၏ လုပ်အားကို ရယူကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ချဲ့ထွင်လုပ်ကိုင်နိုင်ကြခြင်းဖြစ်သည်။

မြို့ပြများကို အခြေခံ၍ စီးပွားရေးကို တည်ဆောက်လာကြချိန်တွင် မြို့နေ လူဦးရေ တိုးပွားလာခြင်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေးစွမ်းသော မြို့ကြီးများသည် စီးပွားရေးတိုးတက်မှု၏ ပြယုဂ်ဖြစ် လာသည်။
အစိုးရအဖွဲ့များအတွက် ပြဿနာမှာ တိုးတက်လာသော မြို့ပြလူဦးရေနှင့်အညီ အိမ်ရာများကို အလုံအလောက်ထောက်ပံ့ ဖြည့်ဆည်းပေးနိုင်ရေးဖြစ်သည်။
ဤတွင်ရွေ့ကား မြေရာအသုံးပြုခြင်း ဆိုင်ရာမူဝါဒများ ထိရောက်အောင်မြင်စေ ရန်နှင့် အများပြည်သူတို့အနေဖြင့် သူတို့ နေစရာအတွက် သူတို့သုံးစွဲနိုင်သော ငွေကြေးကန့်သတ်ချက်ဘောင်ထဲမှ အိမ်ရာများရရှိစေရန် အစိုးရအဖွဲ့များ၏ ကဏ္ဍမှာအထူးကြီးမားလာရလေသည်။
သို့ရာတွင် ပြည်သူများအားလုံး နေရေး အတွက် စိတ်အေးရသည့်အနေအထားမှာ အစိုးရအဖွဲ့များက ဖန်တီးပေးနိုင်သည့် အခြေအနေတွင် မရှိသေးရကား ဆက်လက်ကြိုးစားရဦးမည်ဟူ၍သာ ဆိုနိုင်ပေဦးမည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ သာယာရှု မငြီးဖွယ်ရာကောင်းလှသော ပသာဒ မြို့ပြ မြင်ကွင်းများကို အားကျကာ အတုခိုး
ဆောင်ရွက်လိုစိတ် နိုးထလာကြသည်ကား အမှန်ပင်။
ဆောင်ရွက်လိုစိတ် နိုးထလာကြသည်ကား အမှန်ပင်။
သို့ရာတွင် ယင်းနိုင်ငံများကိုယ်၌ကပင် အတိတ်ကာလတွင် ပျံကျရပ်ကွက်များ (ဆင်းရဲသားရပ်ကွက်များ)၏ လူနေမှုဘဝ ဆိုင်ရာ စိန်ခေါ်မှုများကို ကိုယ်တွေ့ကြုံခဲ့ ကြရသည်ချည်းဖြစ်၏။
ဥဒါဟရုဏ်တစ်ရပ်အနေဖြင့် စင်ကာပူ နိုင်ငံကို ညွှန်းဆိုလို၏။ ဥရောပသားတို့ အခြေချနေထိုင်ခြင်းမရှိမီအချိန်က မျက် မှောက်ကာလ စင်ကာပူသည် မြစ်ဝတွင်
တည်ရှိသော မလေးတံငါရွာကလေး တစ်ရွာမျှသာဖြစ်ခဲ့သည်။
တည်ရှိသော မလေးတံငါရွာကလေး တစ်ရွာမျှသာဖြစ်ခဲ့သည်။
၁၈၂၄ ခုနှစ်အထိ မလေးစူလ်တန်စော်ဘွား အုပ်ချုပ်သော နယ်မြေဖြစ်ခဲ့ပြီး ၁၈၂၄ ခုနှစ် သြဂုတ်လတွင် ဗြိတိသျှ ကိုလိုနီအဖြစ် တရားဝင်ဖြစ်လာခဲ့သည်။
ကိုလိုနီခေတ် စင်ကာပူ၏ အစပထမ မြို့တည်ဆောက်ပုံမှာ အများအားဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ်နှင့်အညီဖြစ်ပြီး ကွဲပြားခြားနားသောလူမျိုးစုတို့သည် ကွဲပြားခြား နားသောနေရာတို့တွင် နေထိုင်ကြသည်။
ကိုလိုနီခေတ် စင်ကာပူ၏ အစပထမ မြို့တည်ဆောက်ပုံမှာ အများအားဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ်နှင့်အညီဖြစ်ပြီး ကွဲပြားခြားနားသောလူမျိုးစုတို့သည် ကွဲပြားခြား နားသောနေရာတို့တွင် နေထိုင်ကြသည်။
စင်ကာပူသည် ၁၉၅၉ ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်လာခဲ့သည်။ ယူစွတ်ဘင်အီရှက်သည် ပထမဆုံး အုပ်ချုပ်သူဖြစ်လာခဲ့ပြီး လီကွမ်ယုမှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ၁၉၆၃ ခုနှစ် သြဂုတ်
လတွင် လွတ်လပ်ရေးကြေညာခဲ့သည်။
လတွင် လွတ်လပ်ရေးကြေညာခဲ့သည်။
နိုင်ငံသစ်တစ်ခုအဖြစ် ရပ်တည်လာသော စင်ကာပူသည် အလုပ်လက်မဲ့ဦးရေ ပေါများခဲ့သည်။ နေအိမ်အလုံအလောက် မရှိ။ မြေနေရာနှင့် သဘာဝအရင်းအမြစ် ရှားပါးခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရသည်။
လီကွမ်ယုဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ သော ၁၉၅၉ မှ ၁၉၉ဝ အထိ အချိန်ကာလ
အတွင်း သူ့အစိုးရက အလုပ်လက်မဲ့များ ပြားသည့်ပြဿနာကို ကိုင်တွယ်ခဲ့ရသည်။ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးကာ ပြည်သူ့အိမ်ရာစီမံကိန်း အများအပြားကို အကောင်အထည်ဖော်ခဲ့သည်။
အတွင်း သူ့အစိုးရက အလုပ်လက်မဲ့များ ပြားသည့်ပြဿနာကို ကိုင်တွယ်ခဲ့ရသည်။ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးကာ ပြည်သူ့အိမ်ရာစီမံကိန်း အများအပြားကို အကောင်အထည်ဖော်ခဲ့သည်။
ထိုအချိန် မှာကား နိုင်ငံ၏ စီးပွားရေးအခြေခံ အဆောက်အအုံ အုတ်မြစ်ချခဲ့သော အချိန်ကာလပါပေတည်း။
မြို့ပြများ၌ လူဦးရေတိုးလာရခြင်းမှာ ကျေးလက်ဒေသများမှသည် မြို့ပြဒေသ များဆီသို့ ရွှေ့ပြောင်းနေထိုင်သူ များပြား လာခြင်းကြောင့်ဖြစ်ပြီး မြို့နေလူဦးရေ အတွက် ရေ၊ စားနပ်ရိက္ခာနှင့် လျှပ်စစ် ဓာတ်အားတို့ကဲ့သို့ ဘဝရပ်တည်မှုအတွက် အခြေခံလိုအပ်ချက်များ ပမာဏတိုးလာရသည်။
ပြွတ်သိပ်လာသော မြို့ကြီးများအတွက် ပြည်သူ့ကျန်းမာရေးပြဿနာမှာ ကြီးမား လှသည်။ မော်တော်ကားများနှင့် စက်ရုံများတိုးလာခြင်းနှင့်အတူ လေထုညစ်ညမ်းမှု၊ အသံဆူညံမှုစသည်တို့ဖြစ်ပေါ်ရသည်။ ပြည်သူ့ကျန်းမာရေးစနစ် နိမ့်ကျနေပါက အီဘိုလာကဲ့သို့ ကြောက်မက်ဖွယ်ရာ ကူး စက်ရောဂါဆိုးများက ခြိမ်းခြောက်လာ တတ်သည်။
ပတ်ဝန်းကျင်ညစ်ညမ်းလေလေပြည်သူ့ကျန်းမာရေးနိမ့်ကျလေလေ ဖြစ်ရသည်
ကား ထင်ရှားလှ၏။
ကား ထင်ရှားလှ၏။
မြို့ပြဖွံ့ဖြိုးမှု
မြို့ပြနယ်မြေများ၌ နေထိုင်သူ ပြည်သူများ၏ ဦးရေတစ်စစ တိုးလာမှုကို ဖြစ်ပေါ်
စေသော ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်း အခြေစိုက်နေထိုင်မှုဖြစ်စဉ်အရ မြို့ပြဖွံ့ဖြိုး မှုဖြစ်ပေါ်လာရသည်မဟုတ်ပါလော။
စေသော ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်း အခြေစိုက်နေထိုင်မှုဖြစ်စဉ်အရ မြို့ပြဖွံ့ဖြိုး မှုဖြစ်ပေါ်လာရသည်မဟုတ်ပါလော။
ကျေးတောသားများ မြို့တက်ကာ ဘဝ နေထိုင်မှု ပုံစံပြောင်းလဲကြခြင်းသည်ကား မြို့များ၏ ပြန့်ကားကျယ်ပြန့်လာမှုအတွက် အဓိကအကြောင်းတရားပါပေတည်း။
အကျိုးဆက်အဖြစ် တစ်ချိန်တစ်ခါက ဥယျာဉ်မြေ၊ လယ်မြေ၊ ခြံမြေ၊ ကိုင်းမြေများ
အဖြစ် တည်ရှိခဲ့သော နေရာများ တစ်စစ ပျောက်ကွယ်ခဲ့ရ၏။ စနစ်တကျစိုက်ပျိုး ထားသော ကန်စွန်းခင်းများ ပျောက်ကွယ် ခဲ့ရ၏။ စက်ရုံ၊ အလုပ်ရုံများ ထူထောင်ကြ သောအခါ စိုက်ပျိုးမြေနှင့် အိမ်ရာမြေများ မှာ စက်မှုရပ်ကွက်များအဖြစ်သို့ ပြောင်းလဲ သွား၏။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရပ်ကွက်သစ်ကြီးများ ပေါ်ပေါက် လာသည်မှာ အားရခမန်း။ သို့ဖြစ်လင့်ကစား ရပ်ကွက်အမည်က ရိုးရိုးကုပ်ကုပ် ဝေါဟာရဖြစ်သည့် ''ကျူးကျော်ရပ်ကွက်''။
ကျူးကျော်ရပ်ကွက်များကို ဖျက်သိမ်း၍ မြို့မြေရပ်ကွက်သစ် ထူထောင်ရေးကို
အစိုးရတို့က အလေးပေးလုပ်ဆောင်လာကြပြီးလျှင် လူဦးရေတိုးပွားမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်မှုအကြား ချိန်ခွင်လျှာကိုက်ညှိနိုင် ရန် အလေးတင်းလာကြရလေသည်။
ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် ရှေး ခေတ်နှင့် ယခုခေတ် မြို့ပြ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ပြောင်းလဲလာပုံကို စဉ်းစား တွေးတောမိ၏။

ရှေးအခါကမူ ကမ္ဘာနှင့်အဝန်း မြို့ဟူသည်မှာ ဘုရင်မင်းမြတ်နှင့် မင်းညီမင်းသား
မှူးမတ်များ စံမြန်းနေထိုင်ရာဒေသများနှင့် နိုင်ငံရေးမြို့တော်များကိုသာလျှင် ခေါ်ဝေါ်ခဲ့သည်။ မြို့ရိုးတွင်း၌ တည်ရှိတတ်သည်။ ဝိနည်းပိဋကတ်တော်လာ ပြည်ရွာခြောက် မျိုးမှာ -
မှူးမတ်များ စံမြန်းနေထိုင်ရာဒေသများနှင့် နိုင်ငံရေးမြို့တော်များကိုသာလျှင် ခေါ်ဝေါ်ခဲ့သည်။ မြို့ရိုးတွင်း၌ တည်ရှိတတ်သည်။ ဝိနည်းပိဋကတ်တော်လာ ပြည်ရွာခြောက် မျိုးမှာ -
၁။ မင်းအစိုးရတစ်ဖွဲ့၏ အာဏာစက်နှံ့ရာ တိုင်းနိုင်ငံ (ရဋ္ဌ)
၂။ မင်းအိမ်နန်းတော်တည်ရာ နေပြည်တော် (ပူရီ)
၃။ အောက်ဆုံးမြို့အုပ် မြို့ပိုင်ရုံးရှိသော မြို့ (နဂရ)
၎။ ခရိုင်ဝန်မင်းတပိုင်၊ သို့မဟုတ် တိုင်း မင်းကြီး တပိုင်ခရိုင်စု၊ဇနပုဒ် (ဇနပဒ)
၅။ ဈေးရှိသောရွာကြီး (ဂါမ)
၆။ ဈေးမရှိသော ရွာငယ် နိဂုံး (နိဂမ) ဟူ၍ဖြစ်လေသည်။

ယနေ့ကာလတွင်မူ ကမ္ဘာတစ်ဝန်းတွင် မြို့ငယ်၊ မြို့ကြီး၊ မဟာမြို့ကြီးဟူ၍ ဝိသေသပြု ပိုင်းခြားထားသည်ကို တွေ့ရသည်။ မဟာမြို့ကြီး (မဂ္ဂါစီးတီး)ဟူသည် လူဦးရေ ၁ဝ သန်းထက်မနည်း နေထိုင်ရာ မြို့ကြီး များကို ရည်ညွှန်းသည်။
ကုလသမဂ္ဂ၏ လေ့လာချက်အရ ကမ္ဘာ့ လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ မြို့ပြ
များ၌ နေထိုင်သူများဖြစ်သည်ဟု ကျွန်ုပ် မှတ်သားရသည်။ ကမ္ဘာကျော်ကြား မဟာ မြို့ကြီးများအဖြစ် မွမ်ဘိုင်း၊ ရှန်ဟိုင်းနှင့် နယူးယောက်တို့ ရပ်တည်လျက်ရှိကြ သည်။ ၂ဝ၂၅ ခုနှစ်အရောက်တွင် ကင်ရှားဆား၊ လေဂို့စ်နှင့် ဂျကာတာတို့ မဟာမြို့ကြီးများဖြစ်လာမည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။

ယနေ့ကာလတွင် ကမ္ဘာတစ်လွှား မြို့ပြ ထူထောင်ရေးပြဿနာက ကြီးမားလှ
သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သာလွန်ခက်ခဲ နက်နဲသော ပြဿနာဖြစ်သည်။
သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သာလွန်ခက်ခဲ နက်နဲသော ပြဿနာဖြစ်သည်။
ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်က မြို့အဖြစ်သို့ ပြောင်းလဲလာခြင်းကို တိုးတက်မှုအဖြစ် ကျွန်ုပ်တို့ ရှုမြင်ခဲ့ကြသည်။ ဘဝ တက်လမ်းအတွက် ဆင်းရဲသားတို့၏ ထွက်ရပ်လမ်းအဖြစ် ကျေးတောသားတို့ မြို့သားဖြစ်လာကြသည်ကိုလည်း တိုးတက်မှုအဖြစ်ပြောစမှတ်ပြုကြသည်။ သို့ရာတွင် မြို့ပြ များ၌လည်း ပြည်သူတို့ဆင်းရဲတွင်း နက်ကြသည်မှာ ထင်ရှားလှသည်။
ပြည်တွင်းဖူလုံမှု စိုက်ပျိုးရေးထွန်းကား စဉ်က မြို့ပြထူထောင်မှုပြဿနာမှာ စစ်မက်
ကာလမှအပ ပြဿနာအထူးအထွေမရှိခဲ့ ချေ။ သို့ရာတွင် စိုက်ပျိုးရေးစနစ်မှသည် စက်မှုစနစ်သို့ ကူးပြောင်းလာခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့်အခါ မြို့ပြပြဿနာမှာ ကြီးထွားလာတော့သည်။
ကာလမှအပ ပြဿနာအထူးအထွေမရှိခဲ့ ချေ။ သို့ရာတွင် စိုက်ပျိုးရေးစနစ်မှသည် စက်မှုစနစ်သို့ ကူးပြောင်းလာခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့်အခါ မြို့ပြပြဿနာမှာ ကြီးထွားလာတော့သည်။
ရှေးအခါက ကမ္ဘာတစ်လွှား နိုင်ငံများမှာဆူကြုံနိမ့်မြင့် မကွာခြားလှသော်လည်း ၁၉ ရာစုခေတ် စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်ခြင်းနှင့်အတူ ဓနရှင်စီးပွားရေး စနစ် ကြီးကျယ်လာသည့်အခါ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားလာလေသည်။
မြို့နေဆင်းရဲသားများမှာ နေရာထိုင်ခင်းပြဿနာ၊ စားရေရိက္ခာပြဿနာ၊ ကုန်ဈေး နှုန်းပြဿနာ၊ သွားရေးလာရေး ပြဿနာ၊ ကျန်းမာရေးပြဿနာ၊ ရာဇဝတ်ပြစ်မှု ထူပြောခြင်းကဲ့သို့ လူမှုရေးပြဿနာစသည့် ပြဿနာများကို ခါးစည်းခံကြရသည်။
သို့ဖြစ်၍ မြို့ပြထူထောင်ရေးနှင့် ကျေး လက်ဖွံ့ဖြိုးရေးတို့ကို ဒွန်တွဲဆောင်ရွက်ကြ ဖို့ လိုအပ်လှသည်။ ကျေးလက်ဟူသည် မြို့၏အခြေခံဖြစ်ခြင်းကြောင့် ကျေးလက် ဖွံ့ဖြိုးရေးမှာ အခြေခံအကျဆုံးဖြစ်သည်။ မြို့နှင့် ရွာတို့ကို တစ်ဆက်တစ်စပ်တည်း အချိုးညီညီ ဖွံ့ဖြိုးအောင် စဉ်ဆက်မပျက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အရေးကြီးပုံကို တွေးတောမိရင်း ''ဖွံ့ဖြိုးမှု ဘူမိနက်သန် ကျေးလက်မှာ အခြေခံ'' ဟု ကျွန်ုပ် ကျူးရင့် မိပါသတည်း။ ။
No comments:
Post a Comment