
ရန်ကုန် မတ် ၂၆
နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် (အမှတ် ၁) အခြေခံပညာအထက်တန်းကျောင်း အားကစားရုံ၌ ကျင်းပသည်။
''နွေရာသီမှာ ကလေးတွေ အချိန်ကို အကျိုးရှိစွာ အသုံးချစေချင်တယ်။ အခြေခံကာလလေး ပဲဖြစ်တဲ့အတွက် သူတို့ အခြေခံလေးတွေတတ်မြောက်သွားပြီဆိုရင်၊ ဆက်ပြီးစိတ်ဝင်စားတယ်ဆိုရင် အဆင့်မြင့်ဆီကို တက်လှမ်းနိုင်ဖို့ဆောင်ရွက်ပေးသွားမယ်''ဟု အထက်တန်းကာယနည်းပြဆရာ ဦးအေးလှက ပြောသည်။
အဆိုပါ သင်တန်းတွင် ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ တိုက်ကွမ်ဒို စသည့် အားကစားနည်းများကို နည်းပြဆရာလေးဦးက ကျောင်းသား ကျောင်းသူ ၁၈၆ ဦးကို မတ် ၁ဝ ရက်မှ ဧပြီ ၂ဝ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-ခင်မောင်ဝင်း (ကြေးမုံ)
No comments:
Post a Comment