ဟောင်ကောင် မတ် ၂၆
ဟောင်ကောင် ရွေးကောက်ပွဲကော်မတီ သည် ပေကျင်းထောက်ခံသူကိုယ်စားလှယ်
ကယ်ရီလမ်အား ဟောင်ကောင်အကြီး အကဲအဖြစ်ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ယင်း နယ်မြေအား တရုတ်နိုင်ငံသို့
ပြန်လည် ပေးအပ်ခဲ့သည့်အချိန်မှ စတင်ကာ
အုပ်ချုပ်ခဲ့သည့်ခေါင်းဆောင်များအနက် ကယ်ရီလမ်သည် ဟောင်ကောင်၏
ပထမဆုံး အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
လမ်သည်
တနင်္ဂနွေနေ့ရွေးကောက် ပွဲတွင် ဘဏ္ဍာရေးမှူး ဂျွန်ဆန်နှင့် တရားသူကြီးဟောင်း
ဝူးကောက်ဟင် တို့အား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ကော်မတီဝင် ၁၂ဝဝ
အနက် လမ်သည် မဲအရေအတွက် ၇၇၇ မဲဖြင့် အနိုင်ရရှိခဲ့ သူဖြစ်သည်။
ကော်မတီအဖွဲ့ဝင်များတွင် ဥပဒေပြုအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်း
ပိုင်းမှ ကိုယ်စားလှယ်များ ပါဝင်သည်။
လမ်သည် အသက် ၅၉ နှစ်ရှိပြီဖြစ်
ပြီး ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့၏ ဒုတိယအကြီးဆုံးရာထူးဖြစ်သည့် အတွင်း
ရေးမှူးချုပ်တာဝန်ကို ငါးနှစ်ကြာထမ်း ဆောင်ခဲ့သူဖြစ်သည်။ ဟောင်ကောင်၏
သံမဏိလေဒီအဖြစ် တင်စားခြင်းခံခဲ့ရသူ ဖြစ်သည့်လမ်သည် ၂ဝ၁၄ ခုနှစ်တွင်
ဒီမိုကရက်တစ် ရွေးကောက်ပွဲကျင်းပရန် ကျောင်းသားများ၏ ဆန္ဒပြတောင်း
ဆိုမှုများကို ပယ်ချခဲ့သူဖြစ်သည်။
(အင်န်အိတ်ခ်ျကေ)
(အင်န်အိတ်ခ်ျကေ)
No comments:
Post a Comment