မြန်မာ့အလင်းအယ်ဒီတာအာဘော်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုအစိုးရ၏အခြေခံကျသော
သဘောထားတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုသဘောထားများမှာ
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဘဏ်(MATB) တစ်ခုတည်းဖြင့် မဆောင်ရွက်နိုင်၊
ပုဂ္ဂလိကဘဏ်များကပါ ချေးငွေထုတ်ချေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဟူသော
သဘောထားဖြစ်ပါသည်။ ဤသဘောထား ၏ နောက်ကွယ်၌ လူထုအစိုးရသစ်၏
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်နေသော ဘဏ္ဍာငွေကြေး
အပြည့်အဝရရှိ ရေးကို ဆောင်ရွက်မည်ဟူသော သန္နိဋ္ဌာန်ကို တွေ့ရှိရပါသည်။
တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့လယ်ယာကဏ္ဍနည်းတူ
အရေးပါသော အခြားစီးပွားရေးကဏ္ဍမှာ အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပါသည်။ အသေးစားနှင့် အလတ် စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်များ၌
ချေးငွေလုံလုံလောက်လောက် ရရှိရေးလည်း ပါဝင်ပါသည်။ လက်ရှိအခြေအနေတွင်
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(JICA) သည်
မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် နှစ်ဆင့်ချေးငွေ (Two -Step Loan)
အစီအစဉ်အရ ပြည်တွင်း ပုဂ္ဂလိက ဘဏ်ခြောက်ဘဏ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်
ရှိပါသည်။ ကမ္ဘာ့ဘဏ်အုပ်စု၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း
(International Finance Corporation-IFC) သည် ပြည်တွင်းပုဂ္ဂလိက
ဘဏ်တစ်ဘဏ်ဖြစ်သော ရိုးမဘဏ်မှတစ်ဆင့် အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချေးငွေများ
ထုတ်ချေးလျက်ရှိပါသည်။ သို့သော် လက်ရှိ အကောင်အထည်ဖော်နေသော
လုပ်ငန်းစီမံချက်များသည် တိုင်းပြည်၏ ဘဏ္ဍာငွေကြေးလိုအပ်ချက်အား အပြည့်အဝ
ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော ချေးငွေများ
လုံလုံလောက်လောက်ရရှိနိုင်ရန် အာမခံအားပြုချေးငွေ
ရယူနိုင်မှု(Collateral Based Credit) အခြေအနေမှ ငွေချေး ယူသူ၏
ြေ<ွကးမြီပြန်လည်ပေးအပ်နိုင်မှုအခြေအနေ(Creditwor-thiness) သို့
ကူးပြောင်းနိုင်ရန် လိုအပ်ပါသည်။ ဂျာမနီ ပူးပေါင်းဆောင်
ရွက်ရေးအဖွဲ့ဖြစ်သောGIZက ပြည်တွင်းဘဏ်များအား နည်းပညာ ဆိုင်ရာအကူအညီများ
ပေးအပ်လျက်ရှိသော်လည်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ
ကျယ်ပြန့်ကောင်းမွန်လာစေရေးအတွက် ယခုထက်
ပိုမိုအားထုတ်ကြိုးပမ်းရဦးမည်ဖြစ်ပါသည်။ ဤသို့သော အခြေအနေမျိုး ၌
ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက
လူထုအစိုးရသစ်ကိုယ်စား အခြေခံကျသော အခြား သဘောထားတစ်ရပ် ထုတ်ပြန်ထားသည်ကို
သတိပြုမိပါသည်။ ဤသည် မှာ လူထုအစိုးရသစ်က ပြည်တွင်းဘဏ်လုပ်ငန်းများအား
အကာအကွယ် ပေးခြင်းထက် ထောက်ပံ့ပေးခြင်းကိုသာ လုပ်ကိုင်တော့မည်ဟူသော
သဘောထားဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအနေဖြင့်
ဘဏ္ဍာရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် နိုင်ငံခြား
လုပ်ငန်းများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း
ပြောဆိုခဲ့ပါသည်။ ပြည်တွင်းဘဏ္ဍာရေးလုပ်ငန်းများ တိုးတက်ရေး အတွက်
လူထုအစိုးရသစ်က ချမှတ်ခဲ့သော ဤမူဝါဒအပြောင်းအလဲများ ကို လေးစားစွာကြိုဆို
ဂုဏ်ပြုကြောင်း ဖော်ပြအပ်ပါသည်။ ။
No comments:
Post a Comment