နေပြည်တော် မတ် ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ
ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ဘိုအောမြို့မှ စန်းယမြို့သို့
မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြပြီး ဒေသစံတော်ချိန် နံနက် ၁ဝ
နာရီတွင် စန်းယမြို့နန်ရှန်ဘုရားကျောင်း သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စန်းယမြို့ရှိ နန်ရှန်ဘုရားကျောင်းအတွင်း
လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် စန်းယမြို့မှ
လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဟိုင်နန်ပြည်နယ် စန်းယမြို့
ဒုတိယမြို့တော်ဝန် မစ္စတာတိုင်ယွီမင်နှင့် တာဝန်ရှိ သူများက
စန်းယအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင်
နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဦးဖေဇင်ထွန်း၊ ဒုတိယဝန်ကြီး များ၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ
Ms.Li Xiaoyan နှင့် တာဝန်ရှိသူများ က နေပြည်တော်လေဆိပ်တွင်
ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)
(သတင်းစဉ်)
No comments:
Post a Comment