Saturday, March 25, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးကျင်းပ



 
 နေပြည်တော် မတ် ၂၄


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေး (၁/၂ဝ၁၇)ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။

 တက်ရောက်
အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်သက်လွင်၊ ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဦးခွန်မောင်သောင်းနှင့် အတွင်း ရေးမှူး ဦးခင်မောင်တင် တို့ တက်ရောက်ကြသည်။

ဆွေးနွေးဆုံးဖြတ်
အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ တင်ပြချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးဆိုင်ရာ ကိစ္စရပ် များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ် များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေး၍ ဆုံးဖြတ်ကြသည်။


ယင်းနောက် တင်ပြချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ အစည်း အဝေးများကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment