နေပြည်တော် မတ် ၂၄
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ် ၂၃ ရက် နံနက် ၈ နာရီက ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ တည်ထားကိုးကွယ် သော နဖူးသင်းကျစ်တော်ဘုရား၊ ဝေသာလီ ဆုတောင်းပြည့်ဘုရားကြီး၊ သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ် ပုထိုးတော်ကြီးနှင့် မာရ်ငါးပါးသမိုင်းဝင် မင်္ဂလာမာရ်အောင် စေတီတော်မြတ် ကြီးတို့အား သွားရောက်ဖူးမြော်ကာ ဆွမ်း၊ ရေချမ်း၊ အလှူငွေများဆက်ကပ် လှူဒါန်းပြီး ဝေသာလီနန်းတော် မြို့ရိုး ဟောင်းနေရာအား ကြည့်ရှုလေ့လာ သည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ လွှတ်တော်အတွေ့အကြုံများ ရှင်းလင်း ပြောကြား၍ ဒေသခံပြည်သူများ၏ တင်ပြချက်များကို လက်ခံကြားနာ ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ်၂၄ ရက် နံနက် ၇ နာရီ မိနစ်၂ဝ တွင် ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့နယ် အားကစားကွင်း၌ ကျင်းပသည့် မင်းပြား မြို့တည် နှစ် (၁၅ဝ) ပြည့် အထိမ်းအမှတ် ပွဲတော်သို့တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မင်းပြားမြို့ရှိ ရပ်မိရပ်ဖ များနှင့် နယ်သူနယ်သားများ တက် ရောက်ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment