နေပြည်တော် မတ် ၂၄
တိုင်းရင်းသား စာပေဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ယနေ့ဆွေးနွေးပွဲတွင် တိုင်းရင်း သားစာပေနှင့် တိုင်းရင်းသားဘာသာ စကား စာအုပ်ပေါ်ထွက်နိုင်ရေးဆောင် ရွက်ရာတွင် လိုအပ်သောနည်းပညာ၊ ငွေကြေးအကူအညီ အထောက်အပံ့ များနှင့် တိုင်းရင်းသားစာပေသင်ကြား သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအား ငွေကြေးအထောက်အပံ့ရရှိ နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာပေယဉ်ကျေးမှုအဖွဲ့ များသို့ ထောက်ပံ့ငွေပံ့ပိုးပေးနိုင်ရန် အတွက် မူဝါဒရေးဆွဲရာတွင် လိုအပ် မည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ် ပြုထားသည့် တိုင်းရင်းသားစာပေ ဖြစ်စေရေး၊ စာပေသင်ကြားရန် ဖတ်စာ အုပ် Text Bookု ပြဋ္ဌာန်းထားပြီးဖြစ် စေရေး၊ အဆိုပါတိုင်းရင်းသားစာပေကို လက်တွေ့ဖတ်ရှုအသုံးပြုနိုင်သည့် စာအုပ် များရှိစေရေး၊ သင်ကြားပြသနိုင်မည့် နည်းပြဆရာ၊ ဆရာမများရှိစေရေး၊ တိုင်းရင်းသားစာပေနှင့် စပ်လျဉ်းသည့် အခြားထည့်သွင်းလိုသော အချက်များ၊ စာပေနှင့်ယဉ်ကျေးမှုကိုသာ အဓိက ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်စေရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်တစ်ခုစီအတွင်း လူမျိုးစုတစ်စု အတွက် တာဝန်ခံသည့် အဖွဲ့တစ်ဖွဲ့ဖြစ် စေရေး၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အဖွဲ့ဖြစ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလုံးအတွက် ခရိုင်အဆင့် အဖွဲ့ဖြစ်ပါက ခရိုင်တစ်ခုလုံးအတွက်၊ မြို့နယ်အဆင့်အဖွဲ့ဖြစ်ပါက မြို့နယ် တစ်ခုလုံးအတွက် မိမိတိုင်းရင်းသား များ၏ စာပေနှင့် ယဉ်ကျေးမှုသင်တန်း များကို တာဝန်ခံဖွင့်လှစ်သည့် အဖွဲ့ ဖြစ်စေရေးကိစ္စရပ်များကို အစုအဖွဲ့ အလိုက် အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ စာပေယဉ်ကျေးမှု အဖွဲ့နှင့်စပ်လျဉ်းသည့် အခြားထည့် သွင်းလိုသောအချက်များ၊ သင်တန်း များသည် နွေရာသီအတွင်းဖွင့်လှစ်သည့် သင်တန်းမျိုးဖြစ်စေရေး၊ သင်တန်းကာလ၊ တိုင်းဒေသကြီးပြည်နယ်အဆင့်၊ ခရိုင် အဆင့်၊ မြို့နယ်ဆင့် သင်တန်းများတွင် အနည်းဆုံးရှိရမည့် သင်တန်းသား ဦးရေ၊ တိုင်းရင်းသားစာပေသင်တန်း ပို့ချခြင်းနှင့်စပ်လျဉ်းသည့် အခြား ထည့်သွင်းလိုသည့် အချက်များ၊ ငွေကြေး ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို အစု အဖွဲ့အလိုက် အကြံပြုဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တိုင်းရင်းသား စာပေသင်ကြားသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ငွေကြေး ထောက်ပံ့နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဦးကျုန်လွမ်း၊ ဦးစောဗစ်တာခလိုက်၊ ဦးစိုင်းခမ်းနွတ်၊ ဦးဘအောင်၊ ဒေါက်တာ စံလှကျော်၊ ဒေါ်နန့်ဝမ်းကြည်၊ ဦးစောနွဲ့ ထွန်းဦးတို့က ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနမှ ဒုတိယòန် ကြားရေးမှူးချုပ် ဦးဝင်းနိုင်က တိုင်းရင်း သားစာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကားပြော ကြားသည်။
မွှေးကြူဇင် (သတင်းစဉ်)
No comments:
Post a Comment