ဘိုအော မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင်ကျင်းပမည့် ၂ဝ၁၇ ခုနှစ်
အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ရန်အတွက်
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာသန်းမြင့်၊
ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms.Li Xiaoyanနှင့်
တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ
တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့သို့ရောက်ရှိရာ
တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊
ဟိုင်နန်ပြည်နယ် စန်းယမြို့ ဒုတိယမြို့တော်ဝန် မစ္စတာ ဟဲရှီဂန်းနှင့်
တာဝန်ရှိသူများက စန်းယအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ
သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့နှင့်အတူ
စန်းယဘူတာမှ ဘိုအောမြို့သို့ အထူး အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာကြရာ
ညနေပိုင်းတွင် ဘိုအောမြို့သို့ ရောက်ရှိ ကြသည်။
၂ဝ၁၇ ခုနှစ်
အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်ကို မတ် ၂၃ ရက်မှ ၂၆ ရက်အထိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် လေးရက်ကြာ ကျင်းပလျက်ရှိသည်။
ယခုနှစ် ဘိုအောဖိုရမ်၏ခေါင်းစဉ်မှာ Globalization & Free Trade: The
Asian Perspectives ဖြစ်ပြီး Globalization, Growth, Reform ESifh New
Economy ဟူ၍ အပိုင်းလေးပိုင်းခွဲကာ ဆွေးနွေးသွားမည်ဖြစ်သည်။
ဘိုအောဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ
ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊
စီးပွားရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ တက်ရောက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment