Saturday, March 25, 2017

အီဂျစ်သမ္မတဟောင်း ဟော့စနီမူဘာရက်ခြောက်နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်



Image may contain: 1 person
ကိုင်ရို မတ် ၂၄
၂ဝ၁၁ ခုနှစ်တွင် အီဂျစ်သမ္မတ ရာထူးမှဖြုတ်ချခံခဲ့ရပြီးနောက် အာရပ် နွေဦးအုံကြွပုန်ကန်မှုအပြီး တရားစွဲဆိုခြင်းခံရသည့် ပထမဆုံးသော နိုင်ငံအကြီးအကဲဟောင်းဖြစ်သူ ဟော့စနီမူဘာရက်သည် ခြောက်နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် မတ် ၂၄ ရက်တွင် ပြန်လည်လွတ်မြောက် လာကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။
အာဏာလက်ရှိ ကာလများအတွင်း အကျင့်ပျက်ခြစားမှုများမှသည် ဆန္ဒပြသူများအားသတ်ဖြတ်ခဲ့မှုအထိ စွဲချက်အမျိုးမျိုးဖြင့် ရင်ဆိုင်ခဲ့ ရသော သမ္မတဟောင်း မူဘာရက် (၈၈)နှစ်သည် ယခုလအတွင်း နောက်ဆုံးစွဲချက်တစ်ခုဖြစ်သော လူသတ်မှုစွဲချက်မှ လွတ်မြောက်ခြင်း ဖြစ်သည်။ အီဂျစ်နိုင်ငံတွင် ၁၈ ရက်ကြာဖြစ်ပွားခဲ့သော လူထုအုံကြွမှု တော်လှန်ရေး၏ အကျိုးဆက်အဖြစ် နိုင်ငံအား နှစ် ၃ဝ ကြာ အုပ်စိုး ခဲ့သူ သမ္မတ မူဘာရက်မှာ ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
သမ္မတဟောင်းမူဘာရက်သည် ရာထူးမှဖြုတ်ချခံရပြီး နှစ်လအကြာ ၂ဝ၁၁ ခုနှစ် ဧပြီလတွင် ဖမ်းဆီးခြင်းခံရပြီး ထိုအချိန်မှစ၍ အကျဉ်း ထောင်များနှင့် စစ်ဆေးရုံများတွင်အစောင့်အကြပ် ထူထပ်စွာဖြင့် ထိန်းသိမ်းထားခြင်းခံခဲ့ရသည်။
မူဘာရက်၏ အုပ်စိုးမှုကာလအတွင်း နိုင်ငံတိုးတက်မှု ဆိတ်သုဉ်း နေခဲ့ပြီး သက်ဦးဆံပိုင်ပုံစံမျိုးအုပ်ချုပ်ခံခဲ့ရကာ ခရိုနီဓနရှင် ဝါဒ အားကောင်းခဲ့သည်ဟု ၎င်း၏ အုပ်စိုးမှုခေတ်တွင် နေထိုင်ခဲ့ကြရသူ များက ဝေဖန်ပြောကြားခဲ့ကြသည်။
၁၉၅၂ ခုနှစ်တွင် ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပြီးနောက် အီဂျစ်နိုင်ငံ အား အုပ်စိုးခဲ့ကြသော စစ်ဘက်ဆိုင်ရာခေါင်းဆောင်များတွင် မူဘာရက်လည်း ပါဝင်သည်ဆို၏။
ရိုက်တာ။

No comments:

Post a Comment