Saturday, March 25, 2017

မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်း




မြန်မာ့အလင်းအယ်ဒီတာအာဘော်


လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်း(Human Development Index- HDI) သည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံတိုင်းတာမှု သုံးရပ်ဖြင့် တိုင်းတာတွက်ချက်ထားခြင်းဖြစ်သည်။ လူ့သက်တမ်း (Life expectancy at birth) သည် ပြည်သူတို့၏ အသက်ရှည်ရှည် ကျန်းကျန်းမာမာနေထိုင်နိုင်စွမ်းရှိခြင်းကို ရည်ညွှန်းဖော်ပြပါသည်။ ကျောင်း၌ ပညာသင်ယူသောကာလသည် ပြည်သူတို့၏ အသိပညာ ဗဟုသုတရယူနိုင်စွမ်းကို ရည်ညွှန်းဖော်ပြပါသည်။ ပြည်သူတစ်ဦးချင်း၏ ဝင်ငွေသည် ပြည်သူတို့ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စွမ်းကို ရည်ညွှန်းဖော်ပြ ပါသည်။ အထက်ပါအခြေခံတိုင်းတာမှုသုံးရပ်ကို ပေါင်းစပ်တွက်ချက်ထား ခြင်းသည် လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်း(HDI) ဖြစ်ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ (UNDP) က ထုတ်ပြန်သော ၂ဝ၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ၌ မြန်မာနိုင်ငံသည် လူသားဖွံ့ဖြိုးမှုဆိုင်ရာ အနိမ့်ဆုံးအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဤအစီရင်ခံစာအရ လူသား ဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်းကို ကြည့်ပါက မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၈ နိုင်ငံအနက် အဆင့် ၁၄၅ နေရာတွင်ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံက ဤကဲ့သို့ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အနိမ့်ဆုံးအဆင့်မှ အလယ် အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့မှုကို အရည်အချင်းဆိုင်ရာ တိုးတက် ပြောင်းလဲမှုတစ်ရပ်အဖြစ် ရှုမြင်ရမည်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံသည် လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်း (HDI) အရ နှိုင်းယှဉ်ကြည့်ပါက က္ဘောဒီးယားနှင့် နီပေါနိုင်ငံတို့အောက်၌ ရှိနေ သည်ဖြစ်၍ လက်ရှိအဆင့်ထက်သိသိသာသာတိုးတက်မှုများ ရရှိလာစေရန် များစွာကြိုးပမ်းအားထုတ်ရဦးမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်းသည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသပျမ်းမျှ ညွှန်းကိန်းကို ပြည့်မီခြင်းမရှိသေးကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်း (HDI) သည် ဤကဲ့သို့ လိုအပ်ချက်များ ရှိနေဆဲဖြစ်သော်လည်း ပြီးခဲ့သော ငါးနှစ်အတွင်း ပုံမှန်တိုးတက်မှုရှိနေသည် ဟူသော သုံးသပ်ချက်သည် အားတက်စရာ သုံးသပ်ချက်ဖြစ်ပါသည်။ အဆိုပါတိုးတက်မှုနှုန်းသည် ၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဖြစ်၍ အနာဂတ် ကာလ ကြိုးပမ်းအကောင်အထည်ဖော်မှုများအတွက် ခွန်အားတစ်ရပ်ဖြစ် သည်ဟု ယူဆပါသည်။

မြန်မာနိုင်ငံသည် သမိုင်းဖြတ်သန်းမှုအစဉ်အလာအရ တိုင်းပြည်၏လူမှုရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနည်းပါးသည်ဟူသော ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ သုံးသပ်ချက်ကို အလေးအနက်ခံယူရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ သုံးသပ်ချက်များကိုအခြေခံ၍ တိုင်းပြည်၏လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရေးကို ဆတက်ထမ်းပိုးဆောင်ရွက်ပါက မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုး မှုဆိုင်ရာòန်းကိန်း(HDI) သည် တိုင်းပြည်ဂုဏ်ဆောင်òန်းကိန်း တစ်ရပ်ဖြစ်လာမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment