Monday, March 27, 2017

မြန်မာ- စင်ကာပူ ပြည်ဝင်ဗီဇာလွယ်ကူအဆင်ပြေစေရေးနှင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကိစ္စရပ်များ ဆွေးနွေး




 နေပြည်တော် မတ် ၂၆

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာ နိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီးMr. Robert Chua နှင့်အဖွဲ့အား မတ် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာ-စင်ကာပူနှစ်နိုင်ငံ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်း ပညာဆိုင်ရာပံ့ပိုးကူညီရေး၊ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစေရေးနှင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment