စစ်တွေ မတ် ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မတ် ၂၄ ရက် နံနက်ပိုင်းက
ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့်
အစည်းအဝေးတွင် အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ဒေသခံ ပြည်သူများက
တွေ့ကြုံခံစားနေရသည့် လူမှုရေးအခက်အခဲများ၊ သဘာဝဘေး ကြောင့်
နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသောရေကြီးနစ်မြုပ်မှု ကြိုတင်ကာကွယ်ရေးအစီအစဉ် များ
ဆောင်ရွက်လိုမှုတို့နှင့်စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိ
သူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည်။
့နောက်
ကျောက်ဖြူမြို့ ကညင်တော IDP စခန်းသို့ ရောက်ရှိပြီး ပြည်သူ
များနှင့်တွေ့ဆုံကာ ပြင်ဖြူမော်ရွာရှိ ဆောက်လုပ်ပြီး နေအိမ်များသို့
ပြောင်းရွှေ့နေ ထိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးပြီး
လူသားချင်းစာနာ ထောက်ထားမှု အကူအညီအဖြစ် ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့်
ရိက္ခာများကို ထောက်ပံ့ပေး အပ်သည်။
မွန်းလွဲပိုင်းတွင် ကျောက်တစ်လုံး IDP စခန်းသို့ရောက်ရှိပြီး လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားကာ ဆန်၊ ဆီ၊ ပဲနှင့် ဆားရိက္ခာတို့ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက်
ရမ်းဗြဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေသခံပြည်သူများ၊
မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ပြည်သူလူထု၏
လိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်းပေးခြင်း ၊
ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးပြီး အမှတ်(၆)ရပ်ကွက်ရှိ IDP
စခန်းသို့ သွားရောက်ကာ ပြန်လည်နေရာချထား ရေးနှင့်စပ်လျဉ်း၍
ဆွေးနွေးမေးမြန်းကာ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ် သည်။
မတ်၂၅ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံရာ ဒေသခံများမှ ကြုံတွေ့ရသော အခက်အခဲများ တင်ပြမှုအပေါ် ၊ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ညနေပိုင်းတွင် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ရခိုင်
ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့်
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ
ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်
လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ဒေသတွင်း
ပြန်လည်နေရာချထားရေးကိစ္စများ၌ ဒေသခံပြည်သူများ၏ သဘောထားအမြင်
များနှင့်ပတ်သက်၍ လည်းကောင်း လက်တွေ့အကောင်အထည်ဖော်ရန် နည်းလမ်းများ ကို
လည်းကောင်း ညှိနှိုင်းဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြင့်ဂါကျေးရွာနှင့် ကျောက်ပြင်ကျေးရွာများသို့ သွားရောက်ကြပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းပေးပြီး ကျေးရွာ များရှိ စာကြည့်တိုက်ပြုပြင်ရန်၊ ပရိဘောဂများ ဝယ်ယူဖြည့်တင်းရန်နှင့် စာအုပ် စာတမ်းများဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဆိုင်တင်ရေအား
လျှပ်စစ်ဝင်းအတွင်း ဖွင့်လှစ်ထားရှိသောSmart အထည်ချုပ်လုပ်ငန်းသို့
ရောက်ရှိ ကြပြီး ပညာရေးဝန်ကြီးဌာနက မှာယူထားသော ကျောင်းဝတ်စုံများ
ချုပ်လုပ် နေမှုနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များကို
ညှိနှိုင်းဖြေရှင်း ဆောင် ရွက်ပေးသည်။
အဆိုပါ အထည်ချုပ်စက်ရုံကို
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်ပြီး
ဒေသခံတိုင်းရင်းသားများနှင့် အဝေးသို့ရောက်ရှိနေသော ရခိုင်
တိုင်းရင်းသားများ မိမိတို့ပြည်နယ်သို့
ပြန်လည်အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်သော အခွင့်အရေးရရှိကာ စုစုပေါင်းလုပ်သား
၁ဝဝ ကျော်ခန့် အလုပ်ရရှိခဲ့ကြောင်း သိရ သည်။ ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ
ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကလေးငယ်များအတွက်
ကစားစရာနှင့် မုန့်များကို ဝေငှထောက်ပံ့ပေးခဲ့ကြောင်း
သတင်းရရှိသည်။(သတင်းစဉ်)
No comments:
Post a Comment