နေပြည်တော် မတ် ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝ
နာရီတွင် နေပြည်တော်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီနှင့် နေပြည်
တော်အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်
ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနဆိုင်ရာများနှင့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အစည်းအဝေးတွင် နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ
နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က ပြည်ထောင်စုနယ်မြေအတွင်း
ပြည်ထောင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီရန်ပုံငွေတို့ဖြင့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ အဆောက်အအုံလုပ်ငန်းများ၊ ရေရရှိရေး၊
မီးလင်းရေး၊ လမ်း၊ တံတားအစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို
ဌာနဆိုင်ရာအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကာလသည် ၂ဝ၁၆-၂ဝ၁၇
ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် ရက်ပိုင်းသာ လိုတော့သည်ဖြစ်သည့်အတွက်
ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီ စွာပြီးစီးရေး၊
နိုင်ငံတော်သို့ ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ပင်ရင်းမှနုတ်ယူ
ပေးသွင်းရမည့် အခွန်ငွေများလစ်ဟာကျန်ရှိမှုမရှိဘဲ အပြည့်အဝပေးဆောင်ရေး
တို့အတွက် အရေးကြီးကြောင်း။
လုပ်ငန်းများစိစစ်ဆောင်ရွက်ရာတွင်
အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ နေပြည်တော် ကောင်စီရန်ပုံငွေများကို
နေပြည်တော်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီမှ စစ်ဆေးခြင်းဖြင့်
ဆောင်ရွက်သောလုပ်ငန်း၊ ပြည်ထောင်စုဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သော
လုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ တည်ဆောက်
ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ စိစစ်အတည်ပြုချက်ကျပြီးမှ သက်ဆိုင်ရာတင်ဒါ
အောင်မြင်သည့် ကုမ္ပဏီများသို့ အပြီးသတ်ငွေပေးချေမှုဆောင်ရွက်ကြရန် လိုအပ်ပါ
ကြောင်း၊ ငွေပေးချေရာတွင် တင်ဒါလုပ်ထုံးလုပ်နည်း လမ်းòန်ချက်များနှင့်အညီ
ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ငွေလုံးငွေရင်းလုပ်ငန်းများတွင်
လုပ်ငန်းအရည် အသွေး စိစစ်ရေးအပိုင်းနှင့် ငွေပေးချေရေးအပိုင်းတို့ကို
အထူးဂရုပြုဆောင်ရွက် စေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပြီး လုပ်ငန်းများအရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment