Saturday, March 25, 2017

ဘင်္ဂလားဒေ့ရှ် နိုင်ငံတော်ဗဟိုဘဏ်အဆောက်အအုံမီးလောင်



ဒါကာ မတ် ၂၄


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏မြို့လယ် မိုတီဟီးလ် စီးပွားရေးခရိုင်ရှိ နိုင်ငံတော်ဗဟိုဘဏ် ၃၁ ထပ်တိုက် အဆောက်အအုံတွင် ယမန်နေ့က မီး အကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ 
 
အမည်မဖော်လိုသူ မီးသတ် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဘင်္ဂ လားဒေ့ရှ်နိုင်ငံ ဗဟိုဘဏ် အဆောက် အအုံ၏ ၁၃ လွှာတွင် မတ် ၂၃ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၄၅မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြှိမ်း သတ်ရန် မီးသတ်ယာဉ် ၁၄ စီး စေလွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ သည်။ 
 
 မီးလောင်မှုသည် ဗဟိုဘဏ် အဆောက်အအုံ၏ ၁၂ လွှာနှင့် ၁၄ လွှာတို့ကို ကူးစက်လောင်ကျွမ်းခဲ့ ကြောင်း သတင်းများတွင် ဖော်ပြခဲ့ သည်။ မီးလောင်မှုကြောင့် သေဆုံးမှု သတင်းမရရှိသေးကြောင်း သိရပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်း ရင်းကိုလည်း သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။ 
 
 ဗဟိုဘဏ်အဆောက်အအုံသည် အမြင့် ၁၁၅ မီတာ (၃၇၇ပေ) ရှိကာ အထပ်ပေါင်း ၃၁ ထပ်ပါရှိပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ အစောပိုင်းအမြင့်ဆုံး အဆောက်အအုံများအနက် တစ်ခုဖြစ် ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment