Friday, March 24, 2017

ဂျပန်နိုင်ငံက မီးငြှိမ်းသတ်ယာဉ်လေးစီးအတွက် အမေရိကန်ဒေါ်လာ ၁၈၃၆၉ ဒေါ်လာလှူဒါန်း




ရန်ကုန် မတ် ၂၃
 
 
ဂျပန်နိုင်ငံ အစိုးရသည် ¤င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်(GGP)အရ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအတွက် ဂျပန်-မြန်မာ နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု အဖွဲ့ အစည်းက လှူဒါန်းသော မီးငြှိမ်းသတ် ယာဉ်လေးစီးကို သယ်ယူစရိတ် အမေရိ ကန်ဒေါ်လာ ၁၈၃၆၉ ဒေါ်လာဖြင့် လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့အဖြစ် ပေးအပ်ရာ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီးံH.E.Mr.Tateshi HIGUCHI နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ òန်ကြားရေးမှူး ဦးကြည် ဝင်းတို့က အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို ယနေ့လက်မှတ် ရေးထိုးခဲ့ကြကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး၌် လူဦးရေ တိုးတက်လာသည်နှင့်အမျှ မီးလောင် ကျွမ်းမှု အရေအတွက်သည်လည်း နှစ်စဉ်တိုးလာပြီး ပိုင်ဆိုင်မှု၊ ဆုံးရှုံး ပျက်စီးမှုများ ကြီးမားစွာ ကြုံတွေ့နေ ရသဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အရှိန်ကို ဟန့်တားလျက်ရှိကြောင်း၊ အဆိုပါအခက်အခဲကို ဖြေရှင်းနိုင် ရန်အတွက် မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်လေးစီးကို ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ယင်းစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ အသက်ကယ်ဆယ် ရေးလုပ်ငန်းများ ပိုမိုအကျိုးရှိ အောင်မြင် လာမည်ဖြစ်သည်။ ဂျပန်နိုင်ငံအစိုးရ သည် မြန်မာနိုင်ငံ၌ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ် ဖြင့် ၁၉၉၃ ခုနှစ်မှ စတင်ကာ စီမံကိန်း ပေါင်း ၈၂၂ ခုကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment