Friday, March 24, 2017

(၇)ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



Image may contain: 9 people, people standing
နေပြည်တော် မတ် ၂၃
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၇ ခုနှစ်၊ (၇)ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပသည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှတာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့မှတာဝန်ရှိသူများ၊ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂျပန်သံအမတ်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် အားကစားသမားများက အားကစားနည်းများအလိုက် သရုပ်ပြသကြပြီး ပြိုင်ပွဲပထမနေ့ကို စတင်ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ကျင်းပသည့် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၈ သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၁၉၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲဒုတိယနေ့နှင့် ဆုပေးပွဲအခမ်း အနားကို မတ် ၂၄ ရက်တွင် အဆိုပါ အားကစားရုံ၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment