ဘိုအော မတ် ၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန် ပြည်နယ် ဘိုအောမြို့တွင် ရောက်ရှိနေ
သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ယနေ့မွန်းလွဲပိုင်းတွင်
ရှင်းလုံမြို့ ရှိ ရှင်းလုံအပူပိုင်း ရုက္ခဗေဒဥယျာဉ် သို့
သွားရောက်ကြည့်ရှုလေ့လာ သည်။
ရှင်းလုံအပူပိုင်း ရုက္ခဗေဒဥယျာဉ်၌ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား
တာဝန်ရှိသူများက လက်ဖက်၊ ကော်ဖီ၊ ကိုကိုးနှင့်
ငှက်ပျောပင်အမျိုးမျိုးအား သုတေသနပြုစမ်းသပ် စိုက်ပျိုးထားမှု၊
အပင်အမျိုးအစားအလိုက် မျိုးကွဲများ အား ပြုစုထားမှုနှင့်
တန်ဖိုးမြင့်ထုတ်ကုန် များ ထုတ်လုပ်ရောင်းချနေမှုတို့ကို
လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါဥယျာဉ်သည် အပူပိုင်းဒေသ အပင်များကို
အဓိကသုတေသန လုပ်ဆောင်လျက်ရှိသည်။ ရှင်းလုံအပူပိုင်း
ရုက္ခဗေဒဥယျာဉ်သည် ဆေးသုတေသန အတွက်သာမက ပြည်သူများ အပန်းဖြေ
အနားယူနေရာတစ်ခုအပြင် စိုက်ပျိုးရေး ထွက်ကုန်များအား ကုန်ကြမ်းအဆင့် မှ
တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်
အသိပညာ ပေးသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင်
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဟိုင်နန်ပြည်နယ်အုပ်ချုပ် ရေးမှူး မစ္စတာ
လျိုစွတ်ကွေးအားBoao International Conference Centerပင်မဆောင်၌
တွေ့ဆုံ၍ လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့်
ခရီးသွားလုပ်ငန်းကဏ္ဍများတွင် နည်းပညာနှင့် အတွေ့အကြုံ များဖလှယ်ရေး၊
မြန်မာနိုင်ငံနှင့် ဟိုင်နန် ပြည်နယ်တို့အကြား
လေကြောင်းလိုင်းပြေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာ
ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတ
နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ် လင်းအုန်းနှင့်
အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင်
ဒုတိယသမ္မတ ဦးမြင့်ဆွေသည်Boao International Conference Center ပင်မဆောင်
၌ ဟိုင်နန်ပြည်နယ်ပါတီအထွေထွေ အတွင်းရေးမှူး မစ္စတာ လော့ပေါင်မင်က
၂ဝ၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအော ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့
တက်ရောက်လာကြသည့် နိုင်ငံအကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ အား
တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)
(သတင်းစဉ်)
No comments:
Post a Comment