ကောင်းမြတ်သူ စုစည်းသည်။
တိုက်စစ်မှူး ရွန်းနေဟာ အင်္ဂလန်အသင်း လက်ရှိကစားနေတဲ့ က္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့် မရပါဘူး။ ရွန်းနေဟာ ဒဏ်ရာရထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နည်းပြ ဆောက်ဂိတ်က ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ သို့ပေ မယ့် ရွန်းနေဟာ အင်္ဂလန်အသင်းနဲ့ အနာဂတ်ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ထား ကြောင်း နည်းပြ ဆောက်ဂိတ်က ဆိုပါတယ်။
ရွန်းနေဟာ မကြာမီမှာ မန်ယူအသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွန်းနေကိုယ်တိုင်ကလည်း အင်္ဂလန်အသင်းနဲ့ ကစားသမားဘဝကို အဆုံးမသတ်ချင်သေးဘူးလို့ ဆိုထားပါတယ်။ ၂ဝ၁၈ ခုနှစ် ရုရှားနိုင်ငံမှာကျင်းပမယ့် က္ဘာ့ဖလားပြိုင်ပွဲအထိ ရှိနေချင်သေးတယ်လို့ ဆိုပါတယ်။ ရွန်းနေဟာ အင်္ဂလန် အသင်းနဲ့အတူ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူ နိုင်ခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ဦး ဖြစ်ပါတယ်။
No comments:
Post a Comment