မိုးမြင့်လင်းလက်
၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီမှာတော့ ချယ်လ်ဆီးတို့ ပရီမီယာလိဂ်ဖလားကို ဆွတ်ခူး
နိုင်ဖို့ အကောင်းဆုံးအခြေအနေရှိနေသလို အက်ဖ်အေဖလားကို
ကိုင်မြှောက်အောင်ပွဲ ခံနိုင်ဖို့အတွက်လည်း ဟန်ပြင်နေပြီဖြစ်ပါတယ်။
ဒီနှစ်မှာ ပရီမီယာလိဂ်ပွဲစဉ်ပေါင်း ၂၈ ပွဲ ကစားပြီးချိန်အထိ
ချယ်လ်ဆီးအသင်းဟာ ဒုတိယနေရာက စပါးကို ၁ဝ မှတ်ဖြတ် ထားနိုင်ပြီး
ဦးဆောင်နေတာဟာ ကစားသမားတွေရော နည်းပြရဲ့ နည်းစနစ်ပိုင်းတွေ ပါ
အမှားအယွင်းနည်းပါးခဲ့လို့ ဖြစ်ပါတယ်။
နည်းပြကွန်တီဟာ ချယ်လ်ဆီးကို ဒီနှစ်မှာ ၃-၄-၃ ပုံစံနဲ့ ခင်းကျင်းတိုက်ပွဲဝင်စေခဲ့ တာဟာ ထိရောက်အောင်မြင်မှုတွေရှိခဲ့ကြောင်း၊ ကစားသမားတစ်ဦးချင်းရဲ့ စွမ်း ဆောင်မှုတွေကို ထုတ်ဖော်ပြသခွင့်ရခဲ့ကြောင်း ထုတ်ဖော်ပြောကြားနေပါတယ်။ လက် ရှိကစားသမားတွေအတွက် ၃-၄-၃ ပုံစံဟာ အကောင်းဆုံးဖြစ်နေတာမို့ လာမယ့် ဘောလုံးရာသီမှာတောင် ဒီနည်းဗျူဟာကိုပဲ သုံးစွဲသွားမယ်လို့လည်း ကွန်တီက ပြော နေပါတယ်။
ချယ်လ်ဆီးကစားသမားတွေဟာ ၂၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၅၉ ဂိုးရှိခဲ့သလို ခံစစ်ပိုင်းကလည်း ၂၁ ဂိုးသာပေးခဲ့ရတာမို့ စွမ်းဆောင်မှုကောင်းမွန်ကြောင်း ပြသနိုင် နေပါတယ်။ အထူးသဖြင့် နည်းပြကွန်တီဟာ ဒီနှစ်ဘောလုံးရာသီမှာ အိမ်ကွင်းတစ်ပွဲ သာ ရှုံးထားပြီး သရေပွဲမရှိဘဲ နိုင်ပွဲတွေချည်း ရယူထားနိုင်ခဲ့ပါတယ်။
ကွန်တီရဲ့ နည်းဗျူဟာကြောင့် တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီယေဂိုကော်စတာနဲ့ ဟာ ဇက်တို့ဟာ ဂိုးတွေသွင်းယူနိုင်ခဲ့တာဟာ ၂၈ ပွဲ ကစားပြီးချိန်မှာ ဒီယေဂိုကော်စတာ က ၁၇ ဂိုးနဲ့ ဟာဇက်က ၁၁ ဂိုးသွင်းနိုင်အောင် အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးဟာ ဒီနှစ် ပီရီမီယာလိဂ်မှာ ပွဲတိုင်းဂိုးသွင်းနိုင်တဲ့အထိ ကောင်းမွန်လာပါ တယ်။
ဒီလို ခြေစွမ်းကောင်းရရှိလာတာဟာ နည်းဗျူဟာပြောင်းလဲမှုကြောင့်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာလကုန်မှာ အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးခဲ့တဲ့နောက် ပိုင်း နည်းပြကွန်တီဟာ ၃-၄-၃ ပုံစံကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးတိုက် စစ်မှူး သုံးဦးဟာ ပြိုင်ဘက်ခံစစ်ကြောင်းကို နေရာစုံက ထိုးဖောက်နိုင်ခဲ့သလို တောင် ပံကစားသမား နှစ်ဦးကလည်း တိုက်စစ်ကို ပိုမိုထိရောက်အောင် အားဖြည့်နိုင်ခဲ့တာ မို့ ချယ်လ်ဆီးတို့ ပွဲတိုင်းရလဒ်ကောင်းခဲ့တာဖြစ်ပါတယ်။
နည်းပြကွန်တီအနေနဲ့ ခံစစ်သမားတွေကို ရွေးချယ်နေရာချထားမှု မှန်ကန်ပြီး ကွင်း လယ်ကစားသမားတွေကလည်း အပေါ်၊ အောက် ဟန်ချက်ညီအောင် အားထုတ်နိုင် လာကြတာမို့ ချယ်လ်ဆီးအသင်း ကွက်လပ်ရဲ့ အားနည်းချက်က နည်းပါးသွားခြင်း ဖြစ်ပါတယ်။ ကွန်တီရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ ပုံသေပွဲထွက်ကစား သမားတွေ မထားရှိခြင်းပဲဖြစ်ပါတယ်။ ကစားသမားအပြောင်းအလဲရှိနေတာမို့ ကြိုး စားအားထုတ်မှုကောင်းရင် ပွဲကစားခွင့်များများရရှိမှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေ ရောက်ရှိလာအောင် ပံ့ပိုးကူညီမှုကတော့ ဒီနှစ်ရာသီမှာ ချယ်လ်ဆီးတို့ ဥရောပပွဲတွေ မကစားရခြင်းဖြစ်ပါတယ်။ ဒါကလည်း ကစားသမားတွေ နားရက်ပိုရပြီး ပွဲကစားတိုင်း လန်းဆန်းတက်ြ<ွကနေခြင်းဖြစ်ပါတယ်။ တစ်ပတ်မှ တစ် ပွဲနှုန်း ကစားရတဲ့ ချယ်လ်ဆီးကစားသမားတွေဟာ ပြိုင်ဘက်တွေကို မာမာတင်းတင်း ကစားနိုင်ခဲ့တာကလည်း အနားယူချိန်ကို အပြည့်အဝရရှိနေခြင်းဖြစ်ပါတယ်။
အခုဆိုရင် နည်းပြကွန်တီရဲ့ ထိန်းချုပ်မှုက အသင်းအောင်မြင်မှုကို ပံ့ပိုးပေးနိုင်ခဲ့ တာက အထင်အရှားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးဟာ ကစားသမားစုဖွဲ့မှုအား မကောင်းပေမယ့် အနိုင်ရလိုစိတ် ပြင်းထန်သူတွေ ဖြစ်တာမို့ ရလဒ်တွေပြောင်းလဲ ပစ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်း ဒီနှစ်ပရီမီယာလိဂ်ဖလားကို လက် တစ်ကမ်းအကွာသို့ ရောက်ရှိအောင် အားထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ နည်းပြကွန်တီရဲ့ နည်းဗျူဟာနဲ့ အောင်ပွဲရယူနေတဲ့ ချယ်လ် ဆီးဟာ အက်ဖ်အေဖလားရယူရေးအတွက်လည်း ချဉ်းကပ်လာနေပြီဖြစ်တာမို့ နည်းပြ ကွန်တီနဲ့ ကစားသမားတွေ စည်းရုံးမှုဟာ အရေးကြီးကြောင်း ကောင်းကောင်းသိထား တာမို့ ကွန်တီနဲ့ ချယ်လ်ဆီးတို့ရဲ့ အနာဂတ်မှာတော့ ရလဒ်ကောင်းတွေထွက်ပေါ်ပြီး ပရီမီယာလိဂ်ဖလားကို လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးနိုင်မှာတော့ သေချာလုနီးပါးဖြစ်နေ ပြီး ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment