မိုနာကို လူငယ်ကစားသမားလေး မက်ပီကို ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်း နေပြီး အမည်မဖော်ပြတဲ့ ပရီမီယာလိဂ် အသင်းကြီးတစ်ခုက ပေါင် ၉၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို မိုနာကိုဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီ သတင်းဟာ ဘယ်လောက်အထိ ခိုင်မာမလဲဆိုတာ မသိပေမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး မှာကတည်းက အားကစားစာမျက်နှာ တွေထက်မှာ မက်ပီရဲ့ နာမည်ဟာ ရှောင်လို့မလွတ်အောင်တွေ့လာရတာ တော့ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မိုနာကိုအသင်းကတော့ မက်ပီဟာ အရောင်း စာရင်းမှာ မပါတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ မက်ပီနဲ့ မိုနာကို စာချုပ်သက်တမ်း တိုးထားခဲ့တာဖြစ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၂၄ သန်းအထိ ရောက်ရှိလာမယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်နေ ပါတယ်။
မက်ပီဟာ ယခုနှစ် ဘောလုံးရာသီမှာ မိုနာကို အသင်းအတွက် သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူထားနိုင်သလို ပြင်သစ်လက်ရွေးစင် အသင်းကြီးအတွက်ပါ ရွေးချယ်ခံခဲ့ရပါတယ်။ မက်ပီရဲ့ နိုင်ငံလက်ရွေးစင်အသင်း ပွဲဦး ထွက်ကို လာမယ့် စနေနေ့ လူဇင်ဘတ် အသင်း၊ အင်္ဂါနေ့ စပိန်အသင်းတို့ကို ရင်ဆိုင် မယ့်ပွဲမှာ မြင်တွေ့ကြရမှာဖြစ်ပြီး နိုင်ငံ တကာအဆင့်မှာ မက်ပီ ဘယ်လောက်အထိ စွမ်းဆောင်ပြမလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်း ပါတယ်။
မက်ပီကို အလိုရှိနေတယ်လို့ ထိပ်ဆုံးက သတင်း ပြေးနေတဲအသင်းတွေကတော့ အပြောင်းအရွှေ့ ဈေးကွက်ကို ကိုင်လှုပ်နေကျ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်၊ မန်ယူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်နည်းပြ ဝင်းဂါးက ပြီးခဲ့တဲ့ နွေ ဈေးကွက်အတွင်း မက်ပီကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့တာပါ။ မန်ယူကတော့ လက်ရှိအချိန်မှာ ဂရစ်ဇ် မန်းထက် မက်ပီကိုတောင် ပိုအာရုံစိုက် လာတဲ့ အနေအထားဖြစ်နေပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းက ဆိုရင် မက်ပီဟာ ဒီအဆင့်နဲ့ ရပ်တန့်နေမယ့် ကစား သမားမဟုတ်ဘဲ စီ ရိုနယ်လ်ဒိုလို ကမ္ဘာ့ ထိပ်တန်း ကြယ် တစ်ပွင့် ဖြစ်လာမယ်လို့ ယူဆထားတာပါ။ မက်ပီ က သူရဲ့ အိပ်မက် အသင်းကို ရွေးချယ်ရာာ
မှာလည်း ဂိုးသမားနေရာအတွက် ဘတ်ဖွန် (ဂျူဗင်တပ်)၊ နောက်တန်း ရောဘတ်တို ကာ လို့ စ် (ရီးယဲလ်)၊ မာလ်ဒီနီ (အေ စီမီလန်)၊ ရာမို့စ် (ရီးယဲလ်)၊ ကာဖူး (အေစီမီလန်)၊ ကွင်းလယ်- ဇီဒန်း (ရီးယဲလ်)၊ ရို နယ်လ်ဒင်ဟို(ဘာစီ လိုနာ)၊ တောင်ပံ တိုက်စစ် - မက်ဆီ (ဘာစီလိုနာ)၊ နေမာ (ဘာစီလိုနာ)၊ ဗဟို တိုက်စစ်-စီရိုနယ်လ်ဒို (ရီးယဲလ်)၊ ရိုနယ်လ်ဒို (ရီးယဲလ်)တို့ကို ထုတ် နုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မက်ပီရဲ့ ရွေးချယ်မှုမှာ ရီးယဲလ်ကစားသမား ငါးဦးအထိ ပါဝင်နေတာကြောင့် သူဟာ ရီးယဲလ်ရဲ့ အမာခံပရိသတ်ဖြစ်တယ်ဆိုတာ ထင်ရှား သလို သူ့အခန်းနံရံမှာ ရီးယဲလ်စတား တွေရဲ့ ပုံတွေက အပြည့်နေရာယူထားတာ ကိုကြည့်ပြီး အဖြေထုတ်မယ်ဆိုရင်လည်း သူအသင်းပြောင်းမယ်ဆိုရင် ရီးယဲလ်ကိုသာ ရွေးချယ်မယ်ဆိုတာ မေးစရာမလိုတဲ့အဖြေ ဖြစ်နေပြီးသားပါ။
လာမယ့်နွေ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် စတင်တာဝန်ယူမယ့် မွန်ချီဟာ လူငယ်ကစားသမားတွေကို ဦးစားပေး ဝယ်ယူတတ်သူဖြစ်သလို ရီးယဲလ်နည်းပြ ဇီဒန်းနဲ့ မက်ပီဟာ အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်လူမျိုး တွေဖြစ်တဲ့အတွက် မက်ပီနဲ့ ရီးယဲလ် လက်တွဲမှု ရုပ်လုံြး<ွကလာတော့မယ်လို့ ခန့်မှန်းမှုတွေလည်း
ရှိနေပါတယ်။ ဒါ့ အပြင် ဇီဒန်းဟာ သူ့ မိခင်နိုင်ငံက ကစားသမားတွေကို ဦးစားပေးခေါ်ယူချင်တဲ့သူဖြစ်သလို မက်ပီကို ရီးယဲလ်လူငယ်အသင်းအတွက် ခေါ်ယူဖို့ ကြိုးပမ်းဖူးတယ်လို့ အေအက်စ်သတင်းဌာနက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေစပြီး မတ်လကုန်ခါနီး အထိ ရေတွက်ရင် ဥရောပလိဂ်တွေမှာ သွင်းဂိုးအမြင့်ဆုံး ကစားသမားက မက်ပီဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးအရေအတွက် က ၁၃ ဂိုး အထိရောက်ရှိကာ သူဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် တစ်ဂိုး၊ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးထက် နှစ်ဂိုးတောင် ပိုသွင်းထားနိုင်ပါ တယ်။ ဒါပေမယ့် မက်ပီကတော့ ''ကျွန်တော်ဟာ အံ့မခန်း စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားမဟုတ်သေး ပါဘူး။ အံ့ဖွယ်ကစားသမားဆိုတာ တစ်ရာသီ ဂိုး ၆ဝ လောက်သွင်းနိုင်တဲ့ ကစားသမားဖြစ်ပါတယ်''လို့ သူ့အရည်အချင်းနဲ့ ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ဖြေကြားသွားခဲ့ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မိုနာကို ဟာ မက်ပီကို ဆက်လက်ထိန်းထားဖို့ ကြိုးပမ်းမှာဖြစ်ပြီး တကယ်လို့ မဖြစ်မနေထုတ်ရောင်းရမယ့်အခြေအနေ ဆိုရင်တောင် ပေါင်သန်း ၁ဝဝ အထက်ရမှသာ ရောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကြီးတဲ့ ကစားသမားဆို လက်ရှောင်တဲ့ အာဆင်နယ်ကိုတော့ ဘယ်လိုမှ ရောက် လာစရာ အကြောင်းမရှိတော့ဘူးလို့ သုံးသပ်ရမှာဖြစ် ပြီး မက်ပီ ရရှိရေးပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်နဲ့ မန်ယူတို့သာ တင်ကျန်ရစ်နိုင်ပါတယ်။ မန်ယူက ငွေ သုံးကြမ်းပေမယ့် အောင်မြင်မှုအရ၊ အစဉ်လာအရ ရီးယဲလ်မက်ဒရစ်အသင်းကို မယှဉ်နိုင်တာကြောင့် တကယ်လို့ မက်ပီအသင်းပြောင်းမယ်ဆို အဲဒီ အသင်းဟာ ''ရီးယဲလ်မက်ဒရစ်'' ဆိုတာကလွဲလို့ အခြား အသင်းမဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။
ဒါပေမယ့် အသက်(၁၈)နှစ်အရွယ် ကစားသမား တစ်ဦးရဲ့ ခြေစွမ်းဟာ မှန်းဆဖို့ စောလွန်းသေးသလို ငွေကြေး၊ အောင်မြင်မှု၊ နာမည်ဂုဏ်သတင်းတွေက ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် လေးလံ တဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခုသာ ဖြစ်စေမှာဖြစ်တာကြောင့် မက်ပီအနေနဲ့ လက်ရှိ ကလပ်အသင်း မိုနာကိုအသင်းမှာ ဆက်ရှိနေခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်လာ နိုင်ပါတယ်။ ဘာလော့တယ်လီ၊ ပါတို၊ ဒီပိုင်းတို့ဟာ မက်ပီအတွက် အတုယူစရာအကောင်းဆုံး ဥပမာတွေ ဖြစ်နိုင်ပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာတော့ လာမယ့်နွေဈေးကွက်ရောက်မှသာ စောင့်ကြည့်ရတော့ မှာပါ။

No comments:
Post a Comment