
ကျောက်တံခါး မတ် ၂၃
နေ့စဉ်နှင့်အမျှ လုပ်ငန်းကိစ္စအဝဝတွင် နှစ်မြှုပ်အလုပ်လုပ်ကိုင်ကြရသူများ၊ နွေရာသီကျောင်းပိတ်ရက်ကာလများသည် မြန်မာနိုင်ငံအရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများနှင့် ထင်ရှားသောဒေသများသို့ သွားရောက်လည်ပတ်အပန်းဖြေလေ့ရှိကြသည်။
မြန်မာနိုင်ငံ၏ သဘာဝရေခံမြေခံရာသီဥတုနှင့် လှပလွန်းပြီး လည်ပတ်ချင်စရာနေရာအများအပြားရှိနေခြင်းကြောင့်ပင် ပြည်ပနိုင်ငံများမှ ဧည့်သည်များ၊ ပြည်တွင်းမှ ခရီးသွားသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိပြီး ခရီးသွားများ လည်ပတ်အပန်းဖြေနိုင်ရန်နေရာများ၊ သဘာဝရှုခင်းအလှအပနေရာသစ်များ ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိရာတွင် တောတွင်းခရီးသွား အပန်းဖြေ
ဆင်စခန်းများစွာ ဖွင့်လှစ်လာခဲ့ပြီဖြစ်ရာ ခရီးသွားဝင်ရောက်မှု များပြားလျက်ရှိနေသည်ကို တွေ့ရှိရသည်။
ဆင်စခန်းများစွာ ဖွင့်လှစ်လာခဲ့ပြီဖြစ်ရာ ခရီးသွားဝင်ရောက်မှု များပြားလျက်ရှိနေသည်ကို တွေ့ရှိရသည်။
မွန်းကျပ်လှသော မြို့ကြီးပြကြီးများမှ အခိုက်အတန့်အားဖြင့် လှည့်ပတ်အနားယူနိုင်ရန် ရန်ကုန်မြို့မှ မိုင် ၁ဝဝ၊ နေပြည်တော်နှင့်မိုင် ၁ဝဝ သာကွာဝေး၍ နေ့ချင်းပြန် သွားရောက်နိုင်သော ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မှော်ယောကြီးကျေးရွာအနီး အမှတ် (၁၃) ကြိုးဝိုင်း၊ အိုင်တုံကွင်းအတွင်း ဧက ၁၆ဝဝ အကျယ်ရှိ ဧရိယာတွင် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၂ ရက် ကမ္ဘာ့ဆင်များနေ့အထိမ်း
အမှတ်အဖြစ် မှော်ယောကြီး တောတွင်းအပန်းဖြေဆင်စခန်းကိုဖွင့်လှစ်ခဲ့ရာ တစ်နှစ်အတွင်းမှာပင် ပြည်တွင်း၊ ပြည်ပခရီးသွား အများအပြားလာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အမှတ်အဖြစ် မှော်ယောကြီး တောတွင်းအပန်းဖြေဆင်စခန်းကိုဖွင့်လှစ်ခဲ့ရာ တစ်နှစ်အတွင်းမှာပင် ပြည်တွင်း၊ ပြည်ပခရီးသွား အများအပြားလာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁ဝ၅/၄ မှ အနောက်ဘက်သို့ မြေသားလမ်းအတိုင်း တစ်မိုင်ကျော်ခန့်သာကွာဝေးပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့်အလွယ်တကူဝင်ရောက်နိုင်သည့်အတွက် ခရီးသွားများ ပိုမိုလာရောက်ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပဲခူးရိုးမသစ်တောကြီးအား ၁ဝ နှစ်ကြာ သစ်ထုတ်လုပ်မှုများ ရပ်နားထားသည့်နောက်ပိုင်း သစ်ဆွဲဆင်အများအပြားကို ဗန်းမော်၊ ကသာဒေသတို့သို့ပို့ဆောင်ခဲ့ရပြီး ဝန်တင်ဆင်နှင့် ဆင်အို၊ သားပေါက် ဆင်များအား ပဲခူးရိုးမတောအတွင်း အုတ်တွင်းမြို့အနောက်ရှိ ဆင်ဆေးရုံ၊ အခြားသောဆင်ဝိုင်းများအပြင် ယခုကဲ့သို့ အပန်းဖြေဆင်စခန်းများသို့ ပို့ဆောင်၍ သရုပ်ပြဆင်အဖြစ်သင်ကြားကာ ခရီး
သွားဧည့်သည်များအတွက် ဆင်စီးခြင်း၊ ဆင်ရေချိုးခြင်းနှင့် ဆင်အစာကျွေးခြင်းတို့အပြင် ဆင်များအား အနီးကပ်ထိတွေ့ခွင့်များရရှိနိုင်မည်ဖြစ်သည်။
သွားဧည့်သည်များအတွက် ဆင်စီးခြင်း၊ ဆင်ရေချိုးခြင်းနှင့် ဆင်အစာကျွေးခြင်းတို့အပြင် ဆင်များအား အနီးကပ်ထိတွေ့ခွင့်များရရှိနိုင်မည်ဖြစ်သည်။
''လာရောက်လည်ပတ်သူတွေအတွက် ဆင်စီးတာကို အဓိကထား ဝန်ဆောင်မှုတွေပေးနေပါတယ်။ ဆင်တွေသရုပ်ပြတာ၊ အစာကျွေးတာတွေရှိပါတယ်။ အပူချိန်ပြင်းတော့ မနက်ပိုင်းဆို ဆင်တွေကိုရေချိုးပေးတာပြီးရင် ၁၁ နာရီအထိ ဆင်စီးလို့ရပါတယ်။ Tour ကုမ္ပဏီတွေ Group အဖွဲ့အစည်းတွေချိတ်ဆက်လာရင် အချိန်ညှိနှိုင်းဆောင်ရွက်ပေးရတာလည်းရှိပါတယ်။ ဒါကလည်း ဆင်တွေကို
ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ထားသလဲဆိုတာကို Public ကို ချပြတဲ့သဘောဖြစ်ပါတယ်''ဟု ဆင်စခန်းမှ လက်ထောက်မန်နေဂျာက ရှင်းလင်းပြောကြားသည်။
ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ထားသလဲဆိုတာကို Public ကို ချပြတဲ့သဘောဖြစ်ပါတယ်''ဟု ဆင်စခန်းမှ လက်ထောက်မန်နေဂျာက ရှင်းလင်းပြောကြားသည်။
ဆင်များကို နေ့စဉ်ထိန်းကျောင်းပေးကြရသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအတွက် ရရှိသည့်ဝင်ငွေဖြင့် တစ်ဖက်တစ်လမ်းမှာအထောက်အကူပြုနိုင်ပြီး လက်ရှိ မှော်ယောကြီးဆင်စခန်း၌ ဆင် ၂၃ ကောင်ဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိကာ ဝင်ကြေးအနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် ကျပ် ၂ဝဝဝဝ၊ ဆင်စီးခြင်း ကျပ် ၂ဝဝဝဝ၊ ပြည်တွင်းဧည့်သည်များအနေဖြင့် ဝင်ကြေး ကျပ် ၁ဝဝဝ၊ ဆင်စီးလျှင် ကျပ် ၅ဝဝဝ နှုန်း၊ နေ့လယ်စာစားသုံးလိုပါက ထမင်းတစ်နပ်လျှင် ငွေ ကျပ် ၄ဝဝဝ ကျသင့်မည်ဖြစ်သည်။ ဆင်စခန်းအား အပတ်စဉ်ဗုဒ္ဓဟူးနေ့ကို နားရက်အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)
No comments:
Post a Comment