
ဖြူး မတ် ၂၃
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အတွင်း၌ ယနေ့ နံနက်ပိုင်းတွင် ဖြူးမြို့နယ်သစ်တောဌာနက တရား မဝင်သစ်များ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ဖြူးမြို့နယ် မင်းဂံရိုး အုပ်စု ဒိုင်းတရာကျေးရွာအနီး ဖြူးတမံလမ်းဘေးတွင် သစ်များ စုပုံထားကြောင်း သတင်းအရ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက် သိမ်းဆည်းရာ လမ်းဘေးဝဲ၊ယာတွင် စုပုံထားသော ပျဉ်းကတိုးခွဲသားဆိုဒ်စုံ ၂၄ ချောင်း (၁ ဒသမ ၂၅ တန်)၊ ကညင်ခွဲ သား ဆိုဒ်စုံ ၈၇ ချောင်း (၃ ဒသမ ၇၅ တန်) သိမ်းဆည်းရမိခဲ့သည်။
အလားတူ ညောင်ပင်သာ ကွန်းချောင်းရေအားလျှပ်စစ်သို့ ဆက်သွယ်ထားသော လမ်းဘေး စိမ့်ကြီးကျေးရွာအနီး လယ်ကွင်း အတွင်း၌ တရားမဝင်သစ်များရှိ ကြောင်း သတင်းအရ ဖြူး မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန် ရှိသူများ သွားရောက်သိမ်းဆည်းရာ ပျဉ်းကတိုးသစ်ခွဲသားဆိုဒ်စုံ ၃၂ ချောင်း (၃ ဒသမ ၁၂၂၂ တန်)ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနေ့ တစ်ရက်တည်းတွင် ဖြူးမြို့နယ် အတွင်း၌ သစ်စုစုပေါင်း ရှစ်တန် ကျော် သိမ်းဆည်းရမိခဲ့ပြီး ငွေကျပ် ၂၈ သိန်းဖိုးခန့် သိမ်းဆည်းရမိ ခဲ့ကြောင်း၊ အဆိုပါသိမ်းဆည်းရမိ သော သစ်များကို ညောင်ပင်သာ ပျိုးဥယျာဉ်သို့ သယ်ဆောင်ကာ တရားခံ ဖမ်းဆီးရမိရေးနှင့် တရား မဝင်သစ်များ ပိုင်ဆိုင်သူကို တရားဥပဒေအရအမှုဖွင့် အရေးယူ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''သိမ်းဆည်းတာကတော့ ဟုတ်ပါ တယ်။ ခုသိမ်းဆည်းရမိတဲ့သစ်တွေကိုကားတွေနဲ့တိုက်နေကြပါပြီ။ ကျွန်း၊ ပျဉ်းကတိုး နဲ့ အင်၊ ကညင်သစ်တွေပါ။ ဆိုင်ကယ် သုံးစီးလည်းပါတယ်။လောလောဆယ်ကတော့ သစ်တွေ တိုက်နေတုန်းပါ''ဟု မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး မိုးကျော်သူက ပြောကြားသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
No comments:
Post a Comment