လန်ဒန် မတ် ၂၅
လွန်ခဲ့သော ၄၄ နှစ်ကတည်းက ဥရောပ သမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့သော လန်ဒန်နိုင်ငံ
အနေဖြင့် ၄င်းမှခွဲထွက်ရေးဆောင်ရွက်မှု များ မစတင်မီ ၄ ရက်အလို မတ် ၂၅ ရက်
က ဥရောပသမဂ္ဂမှ လန်ဒန်ခွဲထွက်ရေး ကို ဆန့်ကျင်သည့်
လူထောင်ပေါင်းများ စွာ လန်ဒန်သို့ ချီတက်ဆန္ဒပြခဲ့ကြောင်း
ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။
ထိုသို့ ဥရောပသမဂ္ဂပေါင်းစည်းရေး ချီတက်ဆန္ဒပြမှုများသည် ပါလီမန်
အရောက်တွင် ရပ်တန့်သွားခဲ့ကာ လန်ဒန် အကြမ်းဖက်တိုက်ခိုက်မှုတွင်
သေဆုံးခဲ့ သော လူလေးဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့်
တစ်မိနစ် ရပ်တန့်ကာ ဆုတောင်းခဲ့ကြောင်း သိရ သည်။
ပါလီမန်သို့
ချီတက်ရာလမ်းတစ် လျှောက်တွင် ဆန္ဒပြလူအုပ်ကြီးသည် ဥရောပသမဂ္ဂအလံများကို
ဝှေ့ယမ်း၍ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး ရပ်တန့် ပေးဆိုသည့်
ကြွေးကြော်သံများဟစ်ကြွေး ခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂ
တည်ထောင်ခြင်းနှစ် ၆ဝ မြောက် အထိမ်းအမှတ်အနေဖြင့် ဥရောပသမဂ္ဂ
ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေဟု အချို့ဆန္ဒပြသူများက
ဟစ်ကြွေးခဲ့ကြောင်း သိရသည်။
ထရီဆာမေအနေဖြင့် ဥရောပ သမဂ္ဂမှ
ဗြိတိန် နှစ်နှစ်ကြာခွဲထွက်ရေးအစီအစဉ်များကို လာမည့် မတ် ၂၉ ရက် တွင်
ကြေညာမည်ဖြစ်ကြောင်း သိရသည်။
(ရိုက်တာ)
(ရိုက်တာ)
No comments:
Post a Comment