Friday, March 24, 2017

ခေတ်မီဆန်းသစ်လှပခိုင်ခံ့သော ပရိဘောဂပြပွဲခင်းကျင်းပြသ



Image may contain: 4 people, people standing and indoor
ရန်ကုန် မတ် ၂၃
မြန်မာ့နှစ်သစ်ကူးအကြို(The 15th Yangon International Lifestyle Furniture Fair)ပရိဘောဂပြပွဲဖွင့်ပွဲ ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပခဲ့သည်။
ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ မြန်မာ့ သစ်လုပ်ငန်း အထွေထွေမန်နေဂျာများ ဖြစ်ကြသည့် ဦးမောင်ငွေနှင့် ဦးခင်မောင်စိုး၊ ကုန်သည်စက်မှုအသင်း ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်နှငThousand Islands Business Group မှ ဥက္ကဋ္ဌဦးမင်းသိန်းတို့ တက်ရောက်ကြပြီး ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ပြပွဲကိုThousand Islands BusinessGroup မှ ကြီးမှူးကာ မတ် ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက် တိုင်တိုင် ဖွင့်လှစ်ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ပြည်ပရောင်းတန်းဝင် ကျွန်းသစ်မာပရိဘောဂများ၊ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင်၊ မျက်နှာကြက်၊ နံရံနှင့် ကြမ်းခင်းများတွင် သပ်ရပ် ခိုင်ခံ့လှပစွာ တပ်ဆင်အသုံးပြုနိုင်မည့် ခေတ်မီ Decoration ပစ္စည်းများအပြင် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချ သော ခေတ်မီဆန်းသစ်လှပခိုင်ခံ့ သော ပရိဘောဂမျိုးစုံတို့ကို အထူး ဈေးနှုန်းများဖြင့် ခင်းကျင်းပြသမည် ဖြစ်သည်။
ထို့ပြင် ကုမ္ပဏီပေါင်း ၃၈ ခုမှ ပြခန်းပေါင်း ၁၉၁ ခန်း ပါဝင်ပြသ ရောင်းချမည်ဖြစ်ပြီး ဝယ်ယူသူများ အားLED 32" TV တစ်လုံးနှင့် အခြားဆုမဲပေါင်းများစွာကို ကံစမ်းမဲ ဖောက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment