Sunday, March 26, 2017

ကမ္ဘာလွှမ်းခြုံစီးပွားရေး လုပ်ဆောင်မှုသည် ကမ္ဘာ့စီးပွားရေးကောင်းမွန်ရန် အထောက်အပံ့ကောင်းဖြစ်သည်ဟု တရုတ်ဒုတိယဝန်ကြီးချုပ်ဆို



Image may contain: 1 person, text
ပေကျင်း မတ် ၂၅
တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိတစ်ဦးက အာရှနိုင်ငံ ရေးနှင့် စီးပွားရေးဆိုင်ရာ ဖိုရမ်တစ်ခုတွင် လွတ်လပ်သော ကုန်သွယ်မှုတစ်ရပ် အကောင်အထည်ဖော်ဆောင်မှုနှင့် ကမ္ဘာလွှမ်းခြုံစီးပွားရေးလုပ်ဆောင်မှု၏ အရေးပါပုံများကို အလေးထားပြောကြားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ကျွန်းတွင် ကျင်းပ သော အာရှနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဘော်အိုဖိုရမ် တွင် ဒုတိယဝန်ကြီးချုပ် ကျန်းဂါအိုလီက အထက်ပါ အကြောင်းများကို သူ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါဖိုရမ်သို့ လူပေါင်း၂ဝဝဝ ကျော် တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုစနစ်တွင် အဆင့်ခုနစ် ရှိသော ဒုတိယဝန်ကြီးချုပ် ကျန်းဂါအိုလီက ကမ္ဘာ့နိုင်ငံများ အနေဖြင့် ကမ္ဘာတစ်လွှား လွှမ်းခြုံစီးပွားရေးများ လုပ်ဆောင်ရန်နှင့် လွတ်လပ်သော ကုန်သွယ်မှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရန် အလေးပေးလုပ်ဆောင် သင့်ကြောင်းပြောကြားခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်း ကြောင့် တစ်ဖက်ကလည်း ကမ္ဘာတစ်ဝန်း တည်ငြိမ် အေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်၏ ပြောကြားချက်သည် မကြာ သေးမီက ကမ္ဘာ့နိုင်ငံများအား တုန်လှုပ်ခြောက်ခြားစေခဲ့ သော 'အမေရိကန်သည်သာပထမ' မူဝါဒကို အကောင် အထည်ဖော်ဆောင်ရန် ကတိပြုခဲ့သည့် အမေရိကန် သမ္မတထရန့်၏ မျိုးချစ်စိတ်ပြင်းထန်မှုအပေါ် ပြန်လည် ချေပပြောဆိုခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားပြီး ကမ္ဘာ့ စီးပွားရေးပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်ကဆိုသည်။
ဖိုရမ်ဥက္ကဋ္ဌ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆူအို ဖူကူဒါက ကမ္ဘာလွှမ်းခြုံစီးပွားရေးလုပ်ဆောင်မှုသည် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်ကြောင်း သူ၏ အဖွင့်မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment