နေပြည်တော် မတ် ၂၆
နေပြည်တော် တိရစ္ဆာန်ဥယျာဉ် (၉)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်း အမှတ်
အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် တိရ္ဆာန်ဥယျာဉ်၌
ကျင်းပခဲ့ပြီး လာရောက်လေ့လာကြသူ များအား ပျော်ပွဲရွှင်ပွဲများဖြင့်
ဖျော်ဖြေ ပေးကြသည်။
လာရောက်လေ့လာကြသူများအား နံနက် ၈
နာရီမှစတင်ပြီ့းUnplugged တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂိမ်း
ကစားပွဲများပြုလုပ်ပေးခြင်း၊ ဂိမ်းအနိုင် ရရှိသူများအား အမှတ်တရ
တီရှပ် လက်ဆောင်များပေးခြင်း၊ ဆင်လိမ္မာ လေးများ၏ အကအလှများဖြင့်
ဖျော်ဖြေ ခြင်း စသည့်ပျော်ပွဲရွှင်ပွဲများ ပြုလုပ် ပေးခဲ့သည်။
''(၉)နှစ်ပြည့်လုပ်ရတဲ့ ရည်ရွယ် ချက်ကတော့ တိရစ္ဆာန်ဥယျာဉ်ကို ဧည့် သည်တွေ ပိုမိုလာရောက်ဖို့နဲ့ အပန်းဖြေ နိုင်ဖို့၊ တိရစ္ဆာန်တွေကို လူသိပိုမိုများပြား
လာအောင် ကျင်းပတာဖြစ်ပါတယ်။ ကျွန်တော်တို့ တိရစ္ဆာန် ဥယျာဉ် နေပြည်တော်ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ လာရောက်ကြတဲ့ ပြည်သူတွေအပန်းဖြေ ပျော်ရွှင်မှုနဲ့ ဗဟုသုတ ရရှိစေဖို့၊ ကျောင်းသား ကျောင်းသူတွေ သတ္တဗေဒနဲ့ ရုက္ခဗေဒ ရှာမှီးရာမှာ အထောက်အကူဖြစ်စေဖို့၊ တောရိုင်းတိရ္ဆာန်တွေ ထိန်းသိမ်းကာကွယ်ရေးနဲ့ ပြည်သူလူထုတွေကို ပညာပေးဖို့၊ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ ရှားပါးတိရစ္ဆာန် ကျေးငှက်တွေကို မျိုးဆက်ထိန်းသိမ်းဖို့တို့ ဖြစ်ပါတယ်။ ဧည့်သည်ကတော့ တစ်နှစ်ထက်တစ်နှစ် ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၆-၁၇ ထိ ပျမ်းမျှသုံးသိန်းနဲ့ သုံးသိန်းခွဲကြားမှာ ရှိပါတယ်။ ကျွန်တော်တို့ တိရစ္ဆာန်ဥယျာဉ်ဖွင့်လှစ်ချိန်ကတော့ ကျွန်တော်တို့ မနက် ၈ နာရီကနေ ညနေ ၅ နာရီဖြစ်ပါတယ်။ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ဝင်ကြေးကတော့ ကလေး ၅ဝဝ လူကြီး ၁ဝဝဝ ပါ။ နှစ်တိုင်းနှစ်တိုင်း ဒီထက် ပိုမိုပြီးစည်ကားလာအောင် ကျွန်တော်တို့အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ''ဟု နေပြည်တော် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမိုးဝေစံက ပြောသည်။

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သည်
၅၉ဝ ဒသမ ၁ဝ ဧက ကျယ်ဝန်းပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၈၂ မျိုးရှိသည်။
လက်ရှိတွင် တိရစ္ဆာန် အကောင်ရေ ၇၂၉ ကောင်အား ပြည်သူများ ကြည့်ရှု
လေ့လာနိုင်ရန် ပြသထားသည်။
''ဒီတိရစ္ဆာန်ဥယျာဉ်မှာတော့ တိရစ္ဆာန်ထိန်းဆေးကုဆိုပြီး တော့ သီးသန့်ဌာနတစ်ခု ရှိပါတယ်။ အဲဒီဌာနမှာ ဆရာဝန်တွေ၊ တိရစ္ဆာန်ထိန်းတွေရှိပါတယ်။ ဒီတိရစ္ဆာန်တွေကို ဘယ်လိုပြုစု စောင့်ရှောက်လဲဆိုရင် ကျွန်တော်တို့ နေ့တိုင်းနေ့တိုင်း တိရ္ဆာန် တွေရဲ့ ကျန်းမာရေးအခြေအနေ၊ ပြီးတော့ လှုပ်ရှားသွားလာမှု အခြေအနေကို မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သူတို့ရဲ့ အခြေအနေကို ကြည့်ပြီး တော့ လိုအပ်သလို ဆောင်ရွက်ပေးနေပါတယ်။ တိရ္ဆာန်တွေ ကျွေးမွေးတဲ့အစားအစာတွေကို သန့်ရှင်းမှု ရှိ/မရှိ၊ ကျွေးမွေးတာ အပြည့်အဝကျွေးမွေးမှု ရှိ/မရှိ နေ့စဉ်စစ်ဆေးနေပါတယ်။ တိရ္ဆာန် တွေရဲ့လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရရှိဖို့ အတွက် ကျွန်တော်တို့က နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ ရိက္ခာနှုန်း ထားတွေစီစဉ်ပြီး ကျွေးမွေးနေပါတယ်။ တိရ္ဆာန်တွေကို ရောဂါ တွေမဖြစ်ပွားအောင် နောက်ပြီးတော့ သူတို့သဘာဝအတိုင်း နေနိုင်တဲ့ အနေအထားမျိုးရောက်အောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ တိရစ္ဆာန်တွေကို လှောင်အိမ်စနစ်၊ လွှတ်ကွင်း စနစ်၊ အဝေးထိန်းချုပ်စနစ်တွေနဲ့ ထားပါတယ်''ဟု ဒေါက်တာ သော်သော်ကောင်းက ပြောသည်။

နေပြည်တော်
တိရစ္ဆာန်ဥယျာဉ်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက
၂ဝဝ၈ ခုနှစ် မတ် ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ် မတ် ၂၆
ရက်သည် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်၏ ၉ နှစ်မြောက်
နှစ်ပတ်လည်နေ့ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
(သတင်းစဉ်)
No comments:
Post a Comment