နေပြည်တော် မတ် ၂၈
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ မတ် ၂၄ ရက် က ကျင်းပသည့် “(၅) ကြိမ်မြောက် အာဆီယံတရားသူကြီး ချုပ်များကောင်စီ အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ တရားသူကြီးချုပ် များနှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ''ဘန်ဒါဆရီ ဘီဂါဝမ် ကြေညာချက်''ကို သဘောတူထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အာဆီယံတရားသူကြီးချုပ်များ ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များကို လေ့လာတင်ပြရေးအတွက် လေ့လာရေး အဖွဲ့ (Study Group) ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အာဆီယံ တရားသူကြီးချုပ်များကောင်စီ အတွင်းရေးမှူးရုံး တည်ထောင် ရန်တို့ကို သဘောတူညီကြသည်။
အစည်းအဝေးတွင် အာဆီယံတရားသူကြီးချုပ်များက အာဆီယံတရားစီရင်ရေး အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍Internet Portal အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ တရားသူကြီးများနှင့် တရားရေး အရာရှိများအတွက် လေ့ကျင့်သင်ကြားမှု ပူးပေါင်းဆောင်ရွက် ရေး၊ တရားရုံးဆိုင်ရာ နည်းပညာအသုံးပြုမှုနှင့် မှုခင်းစီမံခန့်ခွဲမှု နည်းလမ်းများ လေ့လာသုံးသပ်ရေး၊ မိသားစုမှုခင်းဆိုင်ရာ တရားသူကြီးများ၏ ပထမအကြိမ် ဖိုရမ်ကျင်းပရေးနှင့် အာဆီယံ ဒေသတွင်း တရားမမှုခင်းများတွင် ဆင့်စာဆင့်ဆိုမှုများ လွယ်ကူ စေရန်အတွက် နည်းလမ်းတစ်ရပ်ရေးဆွဲရေး စသည့်ကိစ္စရပ် များကိုလည်း ဆက်လက်ဆွေးနွေးသည်။
''အာဆီယံတရားသူကြီးချုပ်များ အစည်းအဝေး''ကို ၂ဝ၁၃ ခုနှစ်မှစတင်၍ ဒေသတွင်း တရားစီရင်ရေးဆိုင်ရာ အစည်း အဝေးအဖြစ် နှစ်စဉ်ကျင်းပခဲ့ပြီး ယခုအခါ ''အာဆီယံတရား သူကြီးချုပ်များ အစည်းအဝေး''အား ''အာဆီယံတရားသူကြီး ချုပ်များကောင်စီ''ဟု အမည်ပြောင်းလဲ၍ အာဆီယံမူဘောင် အတွင်း သီးခြားရပ်တည်သည့် အဖွဲ့အစည်းအဖြစ် အာဆီယံ ပဋိညာဉ်စာတမ်း၏ ဇယား ၂ တွင် မှတ်ပုံတင်စာရင်းတင်သွင်းပြီး ဖြစ်သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အာဆီယံ တရားသူကြီးချုပ်များကောင်စီ၏ ရည်မှန်းချက်ဖြစ်သည့် အာဆီယံဒေသတွင်း တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းများတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
No comments:
Post a Comment