ဘားအံ မတ် ၂၈
ကရင်ပြည်နယ် ဘားအံမြို့တွင် သီတဂူခွဲစိတ်ကုသရေးအဖွဲ့နှင့်
ဘားအံပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာ ဝန်ကြီးများပူးပေါင်း၍ မတ် ၂၇ ရက်
နံနက် ၉ နာရီမှစ၍ ဒုတိယရက်အနေဖြင့် နှုတ်ခမ်းကွဲဝေဒနာရှင်၂၅ ဦးအား
ဘားအံမြို့ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်၌ အခမဲ့ခွဲစိတ် ကုသပေးခဲ့ကြောင်း
သိရသည်။
သီတဂူခွဲစိတ်ကုသရေးအဖွဲ့နှင့် ဘားအံပြည်သူ့ ဆေးရုံကြီးမှအထူးကု ဆရာဝန်ကြီးများပူးပေါင်း၍ မတ် ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တိုင်တိုင် ဘားအံမြို့ နှင့် လှိုင်းဘွဲမြို့တို့တွင် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ ပြီး မတ် ၂၆ ရက်တွင် ဘားအံမြို့တွင် မျက်စိရောဂါ ဝေဒနာရှင်အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၁၄ဦး၊ နား၊နှာခေါင်း၊လည်ချောင်း ဝေဒနာရှင် အမျိုးသား ၂၆၊ အမျိုးသမီး ၄၂ ဦးစုစုပေါင်း ၆၈ဦးလာရောက် စမ်းသပ်ကုသပြီး မတ်၂၇ ရက်တွင် နှုတ်ခမ်းကွဲဝေဒနာရှင် ၂၅ဦးအား အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အလားတူအဆိုပါ ခွဲစိတ်ကုသရေးအဖွဲ့မှ ဘယ်လ်ဂျီ ယံနိုင်ငံသားဆရာဝန်လေးဦးနှင့် ဘားအံပြည်သူ့ဆေးရုံ ကြီးမှအထူးကုဆရာဝန်ကြီးများအဖွဲ့သည် လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးရာ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ပြင်ပလူနာ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၉၄ ဦး စုစုပေါင်း ၉၁၄ ဦး လာရောက်၍ ကုသမှုခံယူကြကြောင်းနှင့် အဆိုပါမျက်စိ ဝေဒနာရှင်များမှ ခွဲစိတ်ရန်လိုအပ်သောသူများအား ဆက်လက်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:
Post a Comment