Wednesday, March 29, 2017

ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ မောင်တောဒေသသို့ သတင်းရယူရန် ထွက်ခွာ

Image may contain: 6 people, people standing and shoes

ရန်ကုန် မတ် ၂၈

ပြည်တွင်း၊ ပြည်ပမီဒီယာများပါဝင်သည့် သတင်းအဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သတင်းရယူရန် အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ထွက်ခွာသွားသည်။
ရခိုင်ပြည်နယ် မောင်တောဒေသ တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့် ပတ်သက်ပြီး ဖော်ထုတ်တားဆီးခဲ့မှု၊ အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် နေရပ်မှ ထွက်ခွာတိမ်းရှောင်သွားသူများ ပြန်လည်ဝင်ရောက်လာမှု၊ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပြန်လည်နေရာ ချထားရေးဆောင်ရွက်နေမှု၊ ငါးဖမ်း လုပ်ငန်း၊ နယ်စပ် လူဝင်လူထွက်နှင့် တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ဆောင်ရောင်းချမှု စသည့် မြေပြင် အခြေအနေတို့ကို ပြန်ကြားရေးဝန်ကြီး ဌာနမှဦးဆောင်သော ပြည်တွင်း ပြည်ပ သတင်းအဖွဲ့တို့ မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ လွတ်လပ်စွာ သတင်းရယူ ကြမည် ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ မီဒီယာသတင်း အဖွဲ့တွင် တီဗွီအဆာဟိ၊ ဘီဘီစီ၊ ဗွီအိုအေ၊ အီးပီအေ၊ နိပွန်တီဗီ၊ ဖူဂျီတီဗီ၊ စင်ထရယ် နယူးဗျူရို၊ ဖရန်တီးယား မြန်မာ၊ ဧရာဝတီ၊ မြဝတီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာအင်တာနေရှင်နယ်တီဗွီ၊ မြန်မာ့ သတင်းစဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံ တို့မှ သတင်းမီဒီယာ ၁၈ ဦးဖြင့် စုဖွဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်ဦးဆောင်၍ သွား ရောက် သတင်းရယူကြမည်ဖြစ် သည်။
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ များအနေဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိလည်း ရခိုင် ပြည်နယ် မောင်တောဒေသသို့ ပထမ အကြိမ် သွားရောက်သတင်းရယူခဲ့ ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment