
ရန်ကုန် မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်သော ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံ၌ တာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု ဆင့်ပွားသင်တန်းကို မဲရုံမှူး၊ ဒု-မဲရုံမှူးများမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက် အသီးသီး၌ မတ် ၂၅ ရက်နှင့် ၂၆ ရက်က ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်း၌ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင် ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ ဝင်များဖြစ်သော ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်ရှိ ထက(၂)အခြေခံ ပညာ အထက်တန်းကျောင်း၊ လေးထောင့်ကန်၊ ရှမ်းတဲကြီး၊ စစ်ပင်၊ သုံးခွ၊ မလက်သ်၊ ၁၂၅၊ ၁၂၄၊ ၁၃၃၊ ၁၅၅ နှင့် ၁၅၆ ရပ်ကွက်၊ ကျေးရွာ များမှ မဲရုံအဖွဲ့ဝင်များအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးများက ပြန်လည်ဆင့်ပွား သင်တန်းအား ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပို့ချပေးခြင်းဖြစ်ပြီး ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၆၆ ရပ်ကွက်၌ မဲရုံပေါင်း ၁၆၉ ရုံတွင် တာဝန်ထမ်း ဆောင်ကြမည့် မဲရုံအဖွဲ့ဝင် ၈၇ဝ ကျော်အတွက် ပို့ချပေးခြင်းဖြစ်သည်။
သင်တန်း၌ မဲစာရင်းစစ်ဆေးရမည့် ပုံစံအချက်အလက်များ၊ မဲလက်မှတ် ထုတ်ပေးမှုအတွက် ဆောင်ရန်၊ ရှောင်ရန်ပုံစံများနှင့် ဆန္ဒမဲထည့်မည့် ပြည်သူများအတွက် လုံခြုံရေးမင်တို့မှု ပုံစံများအား ပို့ချခဲ့ကြောင်း သိရသည်။
မတ် ၂၅ ရက်နှင့် ၂၆ ရက်က ပြုလုပ်ခဲ့သော ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံ၌ တာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသင်တန်း၌ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုစိုး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မော်ဦး၊ ဦးမြင့်စိုး၊ ဦးလှဝေ၊ ဦးဝင်းဌေး၊ ဒေါ်သန်းသန်းထွေးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေမြတ်မိုးမြင့်တို့က မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်း သားများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
(စိုးဝင်း- MLA )
No comments:
Post a Comment