ကျိုင်းလပ် မတ် ၂၈
တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု
နမ့်ဝမ်း(၁)ကျေးရွာနေ ဦးကျနီး၏နွားတင်းကုပ်ရှိ နွားခြောက်ကောင်မှာ ယနေ့
နံနက် ၅ နာရီခန့် က မိုးသက်လေပြင်းတိုက်ခတ်မှုနှင့်အတူ
မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ကိုင်းကျေးရွာရှိ ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ သွပ် အမိုးအချပ် ၂ဝ လန်ခြင်း၊ သစ်သားဒိုင်းများ ပျက်စီး ခြင်းတို့ဖြစ်ပွားခဲ့သည့်အတွက် ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:
Post a Comment