
ဖရူဆို မတ် ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် မတ် ၂၅ ရက် နံနက်
၃ နာရီ ၂၅ မိနစ်ခန့်က လွိုင်ကော်ခရိုင်
မှုခင်းနှိမ်နှင်းရေးအဖွဲ့ မှ ဒုရဲအုပ် ထွန်းကိုကို ပါဝင်သော သုံးဦး၊
ပြည်နယ်မှုခင်းအကူမှ ဒုရဲအုပ် ဝင်းသိန်း ပါဝင်သော ရဲတပ်ကြပ် သုံးဦး၊
ဖရူဆိုမြို့နယ်ရဲစခန်းမှ ခေတ္တ စခန်းမှူး ရဲအုပ် ရဲညွှန့်၊ရဲတပ်သား တစ်ဦး
ပါဝင်သည့်အဖွဲ့နှင့် သက်သေနှစ်ဦးနှင့်အတူ ဖရူဆိုမြို့နယ်ရှိ လွိုင်ကော် -
ဘောလခဲ ကားလမ်းမပေါ်တွင် တရားမဝင် နွားများ ဖြတ်သန်း သယ်ဆောင်နေကြောင်း
သတင်းရရှိ ၍ စောင့်ဆိုင်းနေစဉ် ထီးပေါ်ဆို ကျေးရွာ လွိုင်ကော် - ဘောလခဲ
ကားလမ်းမပေါ်ဖြစ်သည့် ဒီးမော့ဆိုဘက်မှ ဘောလခဲဘက်သို့ ဒီးမော့ ဆိုမြို့နယ်
ပတုံငန်ကျေးရွာနေ ယာဉ်မောင်း ဦးဂျိုးဇက် မောင်နှင်လာသည့် ယာဉ်အမှတ်
၅ခ/----၊ NISSAN DIESEN ဘီးယာဉ်ကို စစ်ဆေးရာ နွားထီး ၂၇ ကောင်၊
ဘောလခဲမြို့နယ် ရေနီပေါက် ကျေးရွာနေ ဦးဘူးရယ် မောင်းနှင်လာသည့်
HINO ၁ဝ ဘီးယာဉ်အမှတ် ၂ခ/---- ယာဉ်ပေါ်တွင် နွားထီး ၂၅ ကောင်၊
ဒီးမော့ဆိုမြို့နယ် လွယ်နန်းဖ ကျေးရွာနေ ယာဉ်မောင်း ဦးကျဲနယ်ထူး
မောင်းနှင်လာသည့် ယာဉ်အမှတ် ၊3I /----- ၊ ဒန်ဘာ၊(FORNAND)
ခြောက်ဘီးယာဉ်ပေါ်တွင် နွားထီး ရှစ်ကောင်၊ ဖရူဆို မြို့နယ် ထီးပေါ်ဆို
ကျေးရွာနေ ယာဉ်မောင်း မာ့ကို့ မောင်းနှင်လာသည့် နံပါတ်မပါ
ခြောက်ဘီးတပ် လေးလုံးထိုး ထော်လာဂျီယာဉ်ပေါ်တွင် နွားထီး
ခုနစ်ကောင်၊ ဘောလခဲမြို့နယ် ရေနီ ပေါက်ကျေးရွာနေ ယာဉ်မောင်း ခေးရယ်
မောင်းနှင်လာသည့် နံပါတ်မပါ ခြောက်ဘီးတပ် လေးလုံးထိုး ထော်လာဂျီယာဉ်ပေါ်တွင်
နွားထီးရှစ်ကောင် နွားကောင်ရေ စုစုပေါင်း ၇၅ ကောင်၊
ယာဉ်ငါးစီးနှင့်အတူ ခေါင်းဆောင်ဖြစ်သူ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာနေ
နဲ့နယ်က ဒီးမော့ဆိုမြို့နယ် လွယ်နန်းဖ ကျေးရွာမှ နန်းဖဲကျေးရွာသို့
တရားမဝင်သယ်ဆောင်လာသော နွားများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍
ဖမ်းဆီးကာ တရားမဝင် နွား ၇၅ ကောင် သယ်ဆောင်လာသူများအား
ဖရူဆိုမြို့နယ်ရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
ကိုစိုင်း (လွိုင်ကော်)
ကိုစိုင်း (လွိုင်ကော်)
No comments:
Post a Comment