Saturday, March 25, 2017

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး ပဏာမအဆင့် မဟာဗျူဟာ(မူကြမ်း)ကို အပြီးသတ်ရေးဆွဲအကောင်အထည်ဖော်ရေး ဆွေးနွေး




 နေပြည်တော် မတ် ၂၄

 

 မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC) တို့ သြ့ လက်မှတ်ရေးထိုး ဆောင် ရွက်လျက်ရှိသော မြန်မာနိုင်ငံစီမံကိန်း(Country Programme) (၂ဝ၁၅-၂ဝ၁၈) အစီအစဉ်မှ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေးမဟာဗျူဟာ ရေးဆွဲ အကောင်အထည်ဖော်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပ သည်။ 

 ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းနှင့် UNODC မြန်မာနိုင်ငံ ဆိုင်ရာမန်နေဂျာMr. Troels Vester တို့က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်း ကြိုတင်ကာကွယ်ရေး မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရေး ဗဟို အဖွဲ့ အဖွဲ့ဝင်များကိုယ်စား ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးအဆင့် အရာရှိများနှင့်UNODC မှ တာဝန်ရှိသူများ UKမှ ကျွမ်းကျင်သူများ တက်ရောက်ကြသည်။

 အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာ တွင် ကျင့်သုံးဆောင်ရွက်နေသည့် မှုခင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ မူဝါဒ သဘောတရားများကို လေ့လာသုံးသပ်၍ ကုလသမဂ္ဂ၏ မှုခင်းကြိုတင်ကာကွယ် ရေးဆိုင်ရာ လမ်းòန်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီ သော အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာကို အပြီးသတ် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြောင်းလဲလာသည့် မှုခင်းကြိုတင် ကာကွယ်ရေး အယူအဆများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်များအလိုက် မှုခင်းဖြစ် ပွားစေနိုင်သော အန္တရာယ်များ(Risk Factors)အား ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment