Saturday, March 25, 2017

တောင်ဆူဒန်ရှိ ကာကွယ်ရေးအင်အားစုများကိုရုပ်သိမ်းရန် ဂျပန်ကာကွယ်ရေးဝန်ကြီးအမိန့်ထုတ်



Image may contain: 1 personတိုကျို မတ် ၂၄

ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါ သည် တောင်ဆူဒန်၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး လှုပ်ရှား ဆောင်ရွက်မှုတွင် ပါဝင်လျက်ရှိသည့် မြေပြင်ကာကွယ်ရေးအင်အားစုများ အား မေလကုန်တွင် အပြီးဆုတ်ခွာရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

 အစိုးရအ¸သည် ရုပ်သိမ်းမည့် အကြောင်းကို ယခုလ အစောပိုင်း တွင် ကြိုတင်ကြေညာခဲ့ပြီးဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး အီနာဒါသည် အကြီးတန်းကာကွယ်ရေး အာဏာပိုင် များနှင့် တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့ပြီးနောက် သောကြာနေ့တွင် ယင်း အမိန့်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံခဲ့မှုအတွင်း အီနာဒါက ဂျပန် ကာကွယ်ရေးအဖွဲ့သည် တောင် ဆူဒန်နိုင်ငံ ဂျူဘာမြို့တွင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုများ ဆောင်ရွက် နေခဲ့သည်မှာ ငါးနှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကုလသမဂ္ဂနှင့် တောင်ဆူဒန်အစိုးရအဖွဲ့၏အသိအမှတ်ပြုချီးကျူးမှုများကိုရရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။ ၄င်းအနေဖြင့် ကာကွယ်ရေး အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံ၏ ဂုဏ်ကျက်သရေတစ်ခုဖြစ် သည်ဟုသတ်မှတ်ကြောင်း အီနာဒါက ဆိုသည်။

တောင်ဆူဒန်ရှိ ကာကွယ်ရေးယူနစ် များအား ရုပ်သိမ်းရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ယခုအခါ အရေး တကြီး စတင်လုပ်ဆောင်နေပြီဖြစ်သည်။သို့သော် ထိခိုက်ဖြစ်ပွားမှုတစ်စုံတစ်ရာ မရှိဘဲ မစ်ရှင်ကို ချောချောမောမော အဆုံးသတ်နိုင်ရန်မှာ အရေးအကြီးဆုံးအခြေအနေတစ်ခုဖြစ်ပြီး ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ကာကွယ်ရေး အဖွဲ့နေဖြင့် မိခင်ဌာနသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိပြီး ၄င်းတို့၏မိသားစုဝင်များနှင့် အတူတကွ ပြန်လည်ပေါင်းစည်းနိုင် စေရေးအတွက် ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ဂျပန်ကာကွယ်ရေးအင်အားစု များသည် အတူတကွလက်တွဲလုပ်ဆောင် သွားရန်လိုအပ်ကြောင်း အီနာဒါက ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန သည် ကာကွယ်ရေးဆိုင်ရာ ရုပ်သိမ်းမှု ကို အကူအညီပေးရန် ဂျူဘာသို့ သယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့် နောက်ထပ်အဖွဲ့အစည်းတချို့ကို စေလွှတ် သွားရန် စီစဉ်နေကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment