နေပြည်တော် မတ် ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြီးမှူး၍ (၆၇)ကြိမ်မြောက် က္ဘာ့မိုးလေဝသနေ့ အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၁နာရီက နေပြည်တော်ဟိုတယ်ဇုန်ရှိ Royal ACE ဟိုတယ် ရာမညခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က နှစ်စဉ် နှစ်တိုင်း မတ်လ ၂၃ရက်နေ့တွင် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ကြီးနှင့်တကွ အဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသား မိုးလေဝသနှင့် ဇလဗေဒ ဌာနများက ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနားကို အစဉ်အလာမပျက်ကျင်းပ လေ့ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် မိုးလေဝသ၊ ရာသီဥတုအခြေအနေများနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များကို ထင်ဟပ်စေမည့် ထင်ရှားသည့်အကြောင်းအရာတစ်ရပ်ကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ရွေးချယ်ပြီး သတ်မှတ်ကျင်းပကြကြောင်း၊ ယခုနှစ် အတွက်ဆောင်ပုဒ်မှာ 'သဘာဝဘေးဒဏ်လျော့ပါးဖို့ မိုးတိမ်များကို အလေးထားစို့'(Understanding Cloud) ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနတွင် ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့နှင့် ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၏ နည်းပညာအကူအညီဖြင့် Himawar. 8 မိုးလေဝသဂြိုဟ်တုမှ ပေးပို့သည့် တိမ်ပုံများကို ဖမ်းယူနိုင်သည့် ဂြိုဟ်တု တိမ်ပုံဖမ်းစက်ကို နေပြည်တော်တွင် တပ်ဆင်ထားပြီး ၁ဝ မိနစ်လျှင် တစ်ကြိမ် လက်ခံရရှိနေပြီ ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ အကူအညီဖြင့်FY-2 ဂြိုဟ်တု တိမ်ပုံဖမ်းစက်ကိုလည်း တပ်ဆင်အသုံးပြုလျက်ရှိကြောင်း၊ က္ဘာ့အပူချိန် ပိုမိုပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ပြင်းထန် သည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိရာ သဘာဝဘေးကျရောက်မှုကြောင့် ထိခိုက်နိုင် ခြေအများဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရှိနေသည်ကိုတွေ့ရကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြား သည်။
ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် လူ့အဖွဲ့အစည်းများ အနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုအပေါ်တုံ့ပြန်နိုင်မှုစွမ်းအား ပိုမို ကောင်းမွန်လာစေရေးအတွက် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် တိမ်များ၏ အရေးပါမှုကို သိရှိနားလည်လာစေ ရန် သင်ယူလေ့လာခြင်း၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် တိကျမှန်ကန်၍ ယုံကြည်စိတ်ချရသည့် ခန့်မှန်းချက်၊ သတိပေးချက်များ ထုတ်ပြန် ပေးနိုင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ထို့နောက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ်းက ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်လျော့ပါးရေး လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းများကို ပြသသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်၊ စိုက်ပျိုး ရေး မိုးလေဝသ စသည့်ပညာရပ်များဆိုင်ရာ စာတမ်း ၁၇ စောင် ဖတ်ကြားခြင်း အစီအစဉ်ကို ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကို ၁၉၆၁ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)
ဆက်လက်၍ နေ့လယ်ပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်၊ စိုက်ပျိုး ရေး မိုးလေဝသ စသည့်ပညာရပ်များဆိုင်ရာ စာတမ်း ၁၇ စောင် ဖတ်ကြားခြင်း အစီအစဉ်ကို ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကို ၁၉၆၁ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)
No comments:
Post a Comment