တိုကျို မတ် ၂၇
ယနေ့နံနက်က ဂျပန်နိုင်ငံ တိုချီဂီ စီရင်စုရှိ စကိတ်နှင်းလျှောစီးရာ
တောင်စောင်း တစ်ခုပေါ်မှ နှင်းထုများပြိုကျမှုကြောင့် ကျောင်းသား
ရှစ်ဦးသေဆုံးခဲ့ပြီး ၃ဝ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာ ပိုင်များက
ပြောကြားခဲ့သည်။
တိုချီဂီ စီရင်စု
နာဆူမြို့ရှိ စကိတ်နှင်း လျှောစီးရာ တောင်စောင်းတစ်ခုတွင် နွေဦးကာလ
တောင်တက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်နေစဉ် ထိုသို့ နှင်းထု
ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှင်းထု ပြိုကျချိန်တွင်
အဆိုပါနေရာ၌ အထက်တန်းကျောင်း ခုနစ်ကျောင်းမှ ကျောင်းသား ၆ဝ
ကျော်နှင့် ဆရာ၊ ဆရာမ ၁၂ ဦးခန့်ရှိကြောင်း ဒေသခံ မီဒီယာများက
ဖော်ပြခဲ့သည်။
ယနေ့နံနက် ဒေသစံတော်ချိန် ၇ နာရီခွဲတွင်
ဆရာများနှင့် ကျောင်းသား များ အဆိုပါ နှင်းလျှောစီးတောင်ကြော တွင်
တောင်တက်ခြင်း လှုပ်ရှားမှုစတင် ခဲ့ကြောင်း၊ ထို့နောက်
ဆီးနှင်းများပြိုကျ ခြင်း ဖြစ်ပွားခဲ့ဟန်တူကြောင်း၊ ဒေသ စံတော်ချိန်
နံနက် ၉ နာရီ မိနစ် ၂ဝ တွင် တာဝန်ကျသူတစ်ဦးက အရေးပေါ်ဖုန်း
ခေါ်ဆိုမှုရရှိခဲ့ကြောင်း စသည်ဖြင့် ကျောင်းကိုယ်စားလှယ်တစ်ဦးက
ပြောခဲ့ သည်။
နွေဦးကာလ တောင်တက်ခြင်းကို မတ် ၂၅ ရက်က
စတင်ခဲ့ခြင်းဖြစ်ပြီး မတ် ၂၇ ရက်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့ကြောင်း
ကျောင်းပြောခွင့် ရသူတစ်ဦးက ပြောခဲ့သည်။
နွေဦးကာလတောင်တက်ခြင်းအစီအစဉ်တွင် လူဦးရေ ၆၆ ဦးခန့် ပါဝင်ခဲ့ကြောင်း
သိရသည်။
ယခုအချိန်တွင် ကယ်ဆယ်ရေး ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း တိုချီဂီမီးသတ်နှင့် သဘာဝဘေးကာကွယ် ရေးဌာနက ပြောခဲ့သည်။
နှင်းထုပြိုကျမှုတွင် သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် ကယ်ဆယ် ရေးနှင့်
ရှာဖွေရေးလုပ်ငန်းများကို ထိပ်တန်းဦးစားပေးအနေဖြင့် လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက
ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြား ခဲ့ကြောင်း သိရသည်။
(ဆင်ဟွာ)
(ဆင်ဟွာ)
No comments:
Post a Comment