Tuesday, March 28, 2017

စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ စည်းကမ်းချက်များ လျှော့ချမည့်ဥပဒေကို ထရန့်လက်မှတ်ထိုးမည်




ဝါရှင်တန် မတ် ၂၇


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီ များအား စွမ်းအင်ထုတ်လုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် အမိန့်ထုတ်ပြန်မှုတစ်ရပ်ကို လာမည့် အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးအာဏာပိုင် များက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်အောက်တွင် အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ အဖွဲ့သည် အိုဘားမားလက်ထက်က ကျင့်သုံးခဲ့သည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ပြန်လည်ဖယ်ရှားပစ်ရန် ရည်ရွယ်လျက် ရှိသည်။

 ထရန့်သည် ပြည်တွင်းစွမ်းအင်ရင်း မြစ်များ အသုံးပြုမှုအပေါ် ကန့်သတ်ထား သည့် မလိုအပ်သော စည်းမျဉ်းစည်းကမ်း အတားအဆီးများကို လျှော့ချပစ်ရန် ယင်းဥပဒေထုတ်ပြန်မှုကို လက်မှတ်ရေး ထိုးသွားရန် စီစဉ်လျက်ရှိသည်။

 ပတ်ဝန်းကျင် ကာကွယ်စောင့် ရှောက်ရေးအေဂျင်စီ (EPA) စီမံ ကြီးကြပ်ရေးမှူး စကော့ပီရုသ်က ထရန့်၏ အမိန့်ထုတ်ပြန်မှုသည် သမ္မတအိုဘားမား အစိုးရအဖွဲ့လက်ထက် ကျင့်သုံးခဲ့သည့် သဘာဝလောင်စာ အသုံးမပြုသော နည်းဗျူဟာကို ပျက်ပြယ်သွားစေရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပီရုသ်သည် ရာသီဥတုပြောင်းလဲ ရခြင်းမှာ လူသားတို့၏ အပြုအမူကြောင့် ဖြစ်သည်ဟူသော သိပ္ပံနည်းကျသုံးသပ် မှုအပေါ် သံသယရှိသူအဖြစ် လူသိများ သူဖြစ်သည်။
(ရိုက်တာ)

No comments:

Post a Comment