Tuesday, March 28, 2017

(၁၁)ကြိမ်မြောက် အာရှအမျိုးသား အသက်(၁၉)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်




 နေပြည်တော် မတ် ၂၇



 မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 11th Asian Boys U19 Volleyball Championship ပြိုင်ပွဲကြီးအား မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်အထိ နေပြည် တော်၊ ဝ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(A) (B) နှင့် (C) တို့တွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပမည်ဖြစ်သည်။

မတ် ၂၈ ရက် နံနက် ၁ဝ နာရီခွဲတွင် ကျင်းပမည့်ဖွင့်ပွဲ အခမ်းအနား၊ မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်အထိ ကျင်းပ သည့် ပွဲစဉ်များအနက် တစ်နေ့လျှင် ပွဲစဉ်သုံးပွဲနှင့် ဧပြီ ၅ ရက်တွင် ကျင်းပမည့် ဆုပေးပွဲနှင့် ပြိုင်ပွဲပိတ်ပွဲအခမ်းအနားတို့ကို MRTV Sport Channelူ မှလည်းကောင်း၊ မြန်မာဘော်လီဘောအသင်း၏ ဧပြီလအတွင်း ယှဉ်ပြိုင် မည့် ပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တို့မှ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment