Wednesday, March 29, 2017

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဘုန်းကြီးကျောင်းများရှိ ဆရာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

Image may contain: one or more people, people sitting and people playing musical instruments

နေပြည်တော် မတ် ၂၈

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ် ၂၇ ရက် နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ မြို့ပေါ်ဘုန်းကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ဆရာတော်အရှင်သူမြတ် များအား ဖူးမြော်ကန်တော့ပြီး သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်း သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် နံနက် ၉ နာရီတွင် မြေပုံမြို့နယ်ရှိ ပြည်သူ့ဆေးရုံ (၂၅ ခုတင် ဆံ့)သို့ သွားရောက်၍ ဆေးရုံတက်ရောက် နေသည့် လူနာခန်းများ၊ သားဖွားခန်းနှင့် ခွဲစိတ်ခန်းများသို့ လိုက်လံကြည့်ရှုစစ်ဆေး သည်။ ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဆေးရုံတက် ရောက်ရန်လာသည့် လူနာနှင့် မိသားစုဝင် များအား တွေ့ဆုံပြီး ၂၅ ခုတင်ဆံ့ ဆေးရုံမှ ခုတင် ၅ဝ ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ရန် ဝန်ကြီးဌာနမှ ခွင့်ပြုပြီးဖြစ်သဖြင့် အရည် အသွေးပြည့်မီသော အဆောက်အအုံများ ဆောက်ရန် မှာကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် မွန်းလွဲ ၁ နာရီတွင် မြေပုံမြို့နယ်ခန်းမ၌ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းပြောကြား ခြင်း၊ ဒေသခံပြည်သူများ၏ တင်ပြချက် များကို လက်ခံကြားနာဖြေကြားခြင်းများ ဆောင်ရွက်သည်။
ထို့အတူ မတ် ၂၆ ရက် နံနက် ၈ နာရီတွင် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစစ်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ တည်ရှိပြီး မင်းပြားမြို့နယ်နှင့် မြေပုံ မြို့နယ်တို့သို့ ဆက်သွယ်သွားလာနိုင် မည့် ကြပ်စင်တံတား ပေ ၁၉၂ဝ တည် ဆောက်ရေးစီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။ တံတားတည် ဆောက်ရေး ရှင်းလင်းဆောင်တွင် တာဝန်ခံ ဒုတိယòန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင်က ရှင်းလင်းတင်ပြခဲ့မှုများနှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်အရည် အသွေးပြည့်မီရေးနှင့် တံတားတည် ဆောက်ရေးစီမံကိန်းတွင် ပါဝင်သွားသော တောင်သူများ၏ မြေယာနစ်နာကြေး များ အမြန်ထုတ်ပေးနိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment