Tuesday, March 28, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်



 နေပြည်တော် မတ် ၂၇


 ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မတ် ၂၅ ရက် နေ့လယ်ပိုင်းတွင် ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့ တောင်မြို့နယ်တို့ကို ဆက်သွယ်တည် ဆောက်နေသော အရှည်ပေ ၆ဝဝ စိုင်းဒင်တံတား တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင် တွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၈)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင် က တံတားတည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ထို့နောက် ပုဏ္ဏားကျွန်း-ရသေ့ တောင်လမ်းပေါ်ရှိ အရှည်ပေ ၈၈ဝ ရသေ့ တောင်တံတား တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၇)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်း ၂၂ မိုင် ခြောက်ဖာလုံပေါ်တွင် ဘဏ္ဍာရေးနှစ် အလိုက်ဆောင်ရွက်သည့် အရှည်ပေ ၁၂ဝဝ တောဖျားချောင်းတံတား ၊ အရှည် ပေ ၁၄ဝ ဝါးခွပ်ချောင်းတံတား၊ အရှည် ပေ ၁၂ဝ ပြွန်ချောင်းတံတား၊ အရှည် ပေ ၄၅ဝ ထွန်းရဝေတံတားများ ဆောင် ရွက်ပြီးစီးမှုနှင့် အရှည်ပေ ၈၈ဝ ရသေ့ တောင်တံတား တည်ဆောက်နေမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပန်းဆက်သွယ်ရေး သည် အဓိကကျပါကြောင်း၊ လမ်းကွန် ရက်များ ချိတ်ဆက်မိရန် တံတားများကို စံချိန်စံòန်းနှင့်အညီ သတ်မှတ်အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဏ္ဏုားကျွန်း-ရသေ့တောင်လမ်းအခြေ အနေနှင့် အဆိုပါလမ်းပေါ်ရှိ အရှည် ပေ ၁၂ဝဝ တောဖျားချောင်းတံတား တည်ဆောက်ပြီးစီးမှုတို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၆ရက် နံနက်ပိုင်းတွင် ရန်ကုန်-အမ်း-စစ်တွေလမ်း (အမ်း-စစ်တွေအပိုင်း)လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကွန်ကရစ် တံတားများ တည်ဆောက်နေမှု၊ မြောက်ဦးမြို့အဝင် ရေကျော်သည့်နေရာ တွင် လမ်းတာပေါင်တင်ခြင်းနှင့် မြေထိန်း နံရံတည်ဆောက်နေမှုအခြေအနေတို့ကို လည်းကောင်း၊ ရာမောင်ကြိုးတံတား အကြီးစားပြင်ဆင်ပြီးစီးမှုတို့ကို အသေး စိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး တံတား ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ်စစ်ဆေးပေးရန်နှင့် ကုန်တင် ယာဉ်များ၊ သတ်မှတ်ထားရှိသည့် တန်ချိန် အတိုင်း စနစ်တကျ ဖြတ်သန်းမောင်းနှင် ရန်တို့ကို တာဝန်ရှိသူများအား မှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လမ်းတစ်လျှောက် လမ်းအဆင့် မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတား ဦးစီးဌာန တံတားအထူးအဖွဲ့(၇)မှ ကြံ့ခိုင် မှုအားနည်းသော ဒါးလက်ချောင်း ဘေလီတံတားနေရာတွင် ကွန်ကရစ် တံတားသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းဆောင်တွင် တံတားတည် ဆောက်ရေးတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး(မြို့ပြ) ဦးမြင့်နိုင်ဦးက သဘာဝ ဘေးဒဏ်ကြောင့် ဘေလီတံတားဟောင်း ပျက်စီးမှုနှင့် ပြည်လည်အသစ် တည် ဆောက်နေသည့် တံတားလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က အသစ်တည်ဆောက်သည့်တံတား Bored Pile တူးရာတွင် သတ်မှတ်အနက် ရရှိရေး စံချိန်စံòန်းပြည့်မီအောင် ဆောင် ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ယခုတည်ဆောက်နေသည့် ဒါးလက် ချောင်းတံတားသစ်သည် အရှည်ပေ ၉၆ဝ တံတား အမျိုးအစားမှာ အောက်ထည် အုတ်မြစ် Bored Pile Foundation အပေါ်ထည် - သံကူကွန်ကရစ် ရက်မ၊Box Girder ၊ သံကူကွန်ကရစ်ကြမ်းခင်း တို့ဖြင့်တည်ဆောက်ထားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် အမ်းမြို့မှ ဆက်လက်ထွက်ခွာပြီး အမ်း - ပဒဲကြော- မအီလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ မအီ-တောင်ကုတ်လမ်းအပိုင်း အတက် အဆင်း မတ်စောက်သည့် နေရာများတွင် စက်ယန္တရားများဖြင့် အနိမ့်အမြင့် ဖြေညှိ ခြင်း ၊ ဖြတ်မြေ ၊ ဖို့မြေလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေကို လည်းကောင်း၊ သံတွဲ - တောင်ကုတ်လမ်းပြုပြင်ထိန်းသိမ်း ထားရှိမှု၊ ရွှေလှေတံတားကြံ့ခိုင်မှုနှင့် ရေလမ်းကြောင်းအခြေအနေတို့ကိုလည်း ကောင်း ကြည်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ညနေပိုင်းတွင် သံတွဲမြို့သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment