Monday, March 27, 2017

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ရခိုင်ပြည်နယ် မောင်တောဒေသသို့ လွတ်လပ်စွာ သတင်းသွားယူကြမည်




 နေပြည်တော် မတ် ၂၆

 

 ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ရခိုင်ပြည်နယ် မောင်တော ဒေသသို့ မြေပြင်ကွင်းဆင်း၍ လွတ်လပ်စွာ သတင်းရယူနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင် ဦးဆောင်သော ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့ဝင် ၂ဝ ခန့်သည် မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွား ရောက်ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံ ကြံစည်မှုနှင့်ပတ်သက်၍ ဖော်ထုတ်တားဆီးခဲ့မှု၊ ဖြစ်စဉ်ဖြစ်ပွား ခဲ့မှုကြောင့် နေရပ်မှထွက်ခွာတိမ်းရှောင်သွားသူများ ပြန်လည် ဝင်ရောက်လာမှု၊ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပြန်လည်နေရာ ချထားရေးဆောင်ရွက်မှု၊ ငါးဖမ်းလုပ်ငန်း ၊ နယ်စပ် လူဝင်ထွက် မှုနှင့် တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ဆောင်ရောင်းချမှု စသည့် မြေပြင်အခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြ မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများအနေဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိလည်း ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်သတင်းရယူခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment