Saturday, March 25, 2017

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ



 
နေပြည်တော် မတ် ၂၄


တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မတ် ၂၃ ရက် တွင် မ္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၆၇၅ စီး၊ သွင်းကုန် ၈၁၆ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၃ စီး၊ သွင်းကုန် ၁၆၈ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ မတ်၂၃ ရက် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁ သန်းခန့်နှင့် မရမ်းချောင် အမြဲတမ်းစစ်ရေးစခန်းက တားဆီးမှုလေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁ ဒသမ ၅၅၆၅ သန်းခန့် စုစုပေါင်း ခြောက်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂ ဒသမ ၅၅၆၅ သန်းခန့် ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ 

ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂၁ ရက်တွင် မူဆယ်မှ မ္တလေးမြို့သို့ သွားရောက်မည့် ၁၂ ဘီးယာဉ်အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်ဆက်စပ်ပစ္စည်းများ၊ ဘက်ထရီ အပါအဝင် လူသုံးကုန်ပစ္စည်းများနှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁ သန်းခန့်အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment