
ပဲခူး မတ် ၂၃
(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်နှင့်Joy Trading Co.,Ltd တို့ ပူးပေါင်းကျင်းပသည့် ပဲခူး-ကျိုက်ထို-ဘားအံ-ပဲခူး မိုင် ၂၆ဝ တာဝေးစက်ဘီးစီးပြိုင်ပွဲကို မတ် ၂၃ ရက် နံနက် ၆ နာရီခွဲက ပဲခူးမြို့ ရွှေမော်ဓော ဘုရားလမ်း တိုင်းအားကစားကွင်းရှေ့၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများ အား လိုက်လံနှုတ်ဆက်ပြီး ဝန်ကြီးချုပ်က သေနတ် ပစ်ဖောက်၍ တာလွှတ်ပေးခဲ့သည်။
အဆိုပါစက်ဘီးစီးပြိုင်ပွဲတွင် အားကစားဝါသနာရှင် ၇၂ ဦးပါဝင်ကာ မတ် ၂၃ မှ ၂၆ ရက်အထိ ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment